နှလုံးသားနန်းတော်ရဲ့လျှို့ဝှက်အရှင်သခင်

217 18 9
                                    

🖤နှလုံးသားနန်းတော်ရဲ့
လျှို့ဝှက်အရှင်သခင်❤️

အပိုင်း(၂)😘😘🖤❤️

"သူ့ရဲ့အခြေနေ ထူးခြားမူ့ရှိသေးလား"

"မရှိပါဘူး ဒုသခင်လေး အားလုံးပုံမှန်ပါပဲ"

မှန်တွေချည်းသာ ပတ်ပတ်လည်ထားတဲ့ အထူးကု
ဆေးရုံကြီးရဲ့...အထူးကြပ်မတ်ကုသခန်းတစ်ခုလို
မျိုး..ပြင်ဆင်ထားတဲ့အခန်းထဲမှာ..ဆေးပိုက်တွေ
ကြားလဲလျောင်းနေတဲ့တစ်စုံတစ်ယောက်ကို ရပ်
ငေးကြည့်နေတဲ့ Pinရဲ့အမေးကိုပြန်ဖြေလိုက်
သူက..Pinရဲ့ရှေ့မှာ လက်နှစ်ဖက်နောက်ပစ်
လျှက်ခေါင်းငုံ့ရပ်နေတဲ့ ဒေါက်တာ လူးဝှစ်..

"ကျွန်တော်ဒီနေ့ မြန်မာပြည်ကိုပြန်ရလိမ့်မယ်...
သူ့ကိုတော့ခင်များလက်ထဲပဲ အပ်ခဲ့မယ်ကျွန်တော်
အစစအရာရာစိတ်ချချင်တယ်..."

"စိတ်ချပါ ဒုသခင်လေး ကျွန်တော်အစစအရာရာ
ဂရုစိုက်ပါ့မယ်.."

"သူ့ရဲ့အခြေနေတစ်ခုခု ထူးခြားတာနဲ့ ကျွန်တော့်
ဆီချက်ချင်းတက်သွယ်ပါ.."

"နားလည်ပါပြီ ဒုသခင်လေး.."

စကားအဆုံး..Pin လက်ကာပြလိုက်တော့..
ဒေါက်တာ လူးဝှစ် ခေါင်းညွှတ်နူတ်ဆက်ကာ
အခန်းထဲက အလိုက်တသိထွက်သွားသည်။

Pin ကုတင်ဘေးက ဆုံလည်ကုလားထိုင်မှာ
အသာထိုင်ချလိုက်ပြီး..ကုတင်ခေါင်းရင်းကစားပွဲ
ပေါ်တင်ထားပြီး..ပိတ်ဖြူ စနဲ့ပတ်ထားတဲ့ ပန်းချီ
ကားကိုလှမ်းယူလိုက်သည်။ ပိတ်ဖြူ စလေးကိုဖြေး
ဖြေးချင်းဖြေလိုက်တော့...လွန်ခဲ့တဲ့ နာရီပိုင်းလေးကတင်  အပြီးသတ်ဆေးခြယ်ခဲ့တဲ့ ပန်ချီကားထဲက
တောက်ပနွေးထွေးတဲ့အပြုံးလေးနဲ့ ၉နှစ်အရွယ်
ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်..

"အရောင်း"

ခပ်တိုးတိုးခေါ်လိုက်မိရင်း...သွေးရောင်မရှိတဲ့..
အရိုးပေါ်အရေတင်..လက်လေးတစ်ဖက်ကိုဆုပ်
ကိုင်လိုက်သည်။

"ကျွန်တော် ဒီနေ့ Sonရဲ့ပုံကိုလက်စသတ်နိုင်ခဲ့ပြီ
အရောင်း..ပြောခဲ့တယ်မို့လား..အရောင်းရဲ့ Son
လေးက အမြဲတမ်းချစ်စရာကောင်းနေအောင်ပြုံး
နေတာဆို.."

loveWhere stories live. Discover now