လီလီ့လက်မောင်းတွေကို ပျော်ပြီးကိုင်ကာလှုပ်ရမ်းနေသော ချယ့်ကြောင့် ကားလေးယိုင်သွားရ၍ လီလီပြောလိုက်မှ ချယ်ကလက်ကိုလွှတ်လိုက်ပြီး

C''ဆောရီး အဲ့ဒါကိုဘာလို့မကို မပြောတာလဲ

Li''အင်း ပြောဖို့မေ့နေလို့

C''အဲ့ဒါမေ့စရာလား ဒါဆိုမဘက်က သဘောတူဖို့ပဲ လိုတယ် မောင့်ဘက်ကအဆင်ပြေတယ်ဆိုတော့

Li''အင်း

C''ဒါနဲ့ မောင့်မိဘတွေက နည်းနည်းလေးမှ မကန့်ကွက်ဘူးလားဟင်

Li''ဟင့်အင်း မောင့်မိဘတွေကလည်း မိန်းကလေးတွေချည်းပဲလေ

C''ဘယ်လို ဒါဆိုမောင့်ကိုဘယ်လိုမွေးခဲ့တာလဲ

Li''သုတ်ပိုးအလှူရှင်နဲ့မွေးခဲ့တာ ဒါကြောင့်မောင်က မိဘတွေကို မာမီနဲ့မေမေလို့ခေါ်တာလေ

ချယ်ခုမှနားလည်သွားရသည် လီလီပြောပြောနေတဲ့ မာမီနဲ့မေမေကို ချယ်ကတစ်ယောက်ထဲထင်နေခဲ့တာ

Li''မောင်တို့မိသားစုက ပျော်စရာကောင်းတယ် နောက်မသိမှာပါ

လီလီ့စကားကြောင့် ချယ်ပျော်မိတာအမှန်
မိန်းကလေးချင်းယူထားသည့် မိသားစုသည်လည်း သာမန်မိသားစုလိုပဲ ပျော်စရာကောင်းသည်ကို သိရှိလိုက်ရသည်မို့

Li''အော် ပြောရင်းမေမေဖုန်းဆက်လာတယ်

လီလီကပြောကာ ဖုန်းကိုချယ့်အားပြသည် အမျိုးသမီးတစ်ယောက် လှသည် ဒါပေမယ့်ထိုအမျိုးသမီးကိုမြင်လိုက်ချိန်မှာ ချယ်ဝမ်းနည်းသွားမိသည် ဘာလို့ဝမ်းနည်းသွားရသလဲချယ်ကိုယ်တိုင်လည်းမသိ ပြီးဒီအမျိုးသမီးကို ချယ်ရင်နှီးနေသလို ခံစားရသည် အရင်ကမြင်ဖူးတွေ့ဖူးသလို ခံစားချက်မျိုး..

Li''ဟယ်လို မေမေ

J''အင်း သမီးလေး မေမေ့ကိုမလွမ်းဘူးလား

Li''လွမ်းပါတယ် ခုတော့မလွမ်းဘူး ဘာလို့လဲသိလား

J''ဘာလို့လဲ အကြောင်းပြချက်မခိုင်လုံရင်တော့ မေမေစိတ်ဆိုးတာခံရပြီပဲ

Li''ဟားဟား ခုကလီလီ့ချစ်သူနဲ့ အတူရှိနေလို့လေ

J''အော် လေသံတွေကြားတယ် အပြင်မှာလား

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now