For My Readers❤(Z/U)

Bắt đầu từ đầu
                                    

စာေရးသူေတြအတြက္က် ဒုတိယလူေနရာက ဇာတ္ေကာင္ကို ပိုသေဘာက်ရင္ေတာင္ အဲ့ဒီ ဇာတ္ေကာင္အေပၚမွာ ဘက္လိုက္မႈမ႐ွိသင့္ဘူး။ မိႈင္းေခါင္အေပၚမွာ ဟန္မီက ဘက္မလိုက္ခဲ့ပါဘူး။ ဒီေကာင္ေလးကို နာက်င္မႈေတြသာ ေပးခဲ့လို႔စာဖတ္သူေတြက မိႈင္းေခါင္ကို ဟန္မီ႔ထက္ပိုၿပီး အမ်ားႀကီးခ်စ္ေပးၾကပါလို႔ ေတာင္းဆိုခ်င္ပါတယ္။

ေနာက္ဆံုးတစ္ခုကေတာ့ ေငြမိႈင္းလင္းေဝမွာ Extraမ႐ွိပါဘူး။ ဒီေကာင္ေလးသံုးေယာက္က ေ႐ွ႕ဆက္ၿပီး ဒီအတိုင္းေလးပဲ ဆက္သြားေနမွာမို႔လို႔ပါ။

ထပ္ေျပာခ်င္တာက ဟန္မီ့ရဲ႕စာဖတ္သူေတြကို ဟန္မီက ေက်းဇူးတင္ရံုတင္မကဘဲ ခ်စ္လည္းခ်စ္ပါတယ္။

ရင္ခုန္ေအာင္ေျပာရရင္ မင္းတို႔႐ွိေနလို႔
ကိုယ္လည္း ဒီေနရာမွာ ႐ွိေနႏိုင္တာပါ...။

ေနာက္ထပ္ဖန္တီးမႈေတြမွာလည္း ကိုယ္နဲ႔အတူ႐ွိေနေပးၿပီး ကိုယ့္ကိုအားေပးပါဦးေနာ္❤

အခုေတာ့ ဒီေကာင္ေလးသံုးေယာက္ကို ႏႈတ္ဆက္ၿပီး ေ႐ွ႕ကိုဆက္သြားၾကရေအာင္ပါ...။

Love you all❤
Han_Me
(19.10.2020)

>>>>>>>>>>>>>>>>>>

(Unicode)

(Zawgyi)

(29.9.2019)မှာ အစပြုခဲ့တဲ့ဇာတ်လမ်းလေးကို (19.10.2020)မှာအဆုံးသတ်နိုင်ခဲ့ပါပြီ။ ခရီးရှည်ကြီးကို ကိုယ်တို့အတူလျှောက်လှမ်းခဲ့ကြတယ်။ ခရီးအဆုံးအထိ ကိုယ်နဲ့အတူ(ဒီကောင်လေးသုံးယောက်နဲ့အတူ) မွန်းကြပ်ကြရင်း၊ဝမ်းနည်းနာကျင်ကြရင်း လိုက်ပါပေးခဲ့ကြတဲ့ ချစ်ရသော စာဖတ်သူတွေကို ကိုယ်အများကြီး ကျေးဇူးတင်ပါတယ်။

ငွေမှိုင်းလင်းဝေတဲ့.....။ ဒီကောင်လေးသုံးယောက်အတွက် ဇာတ်လမ်းလေးစတင်ပုံဖော်ပြီးချိန်မှာ ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့နာမည်မျိုးကို လုံးဝမစဉ်းစားနိုင်ခဲ့ဘူး။ titleက ဇာတ်လမ်းတစ်ခုရဲ့အသက်လို့ ကိုယ်ခံယူထားတဲ့အတိုင်း အဓိက ဇာတ်ကောင် သုံးယောက်ရဲ့နာမည်ကို ပေါင်းစပ်လိုက်ခြင်းက မထင်မှတ်ဘဲ ဇာတ်လမ်းနဲ့လိုက်ဖက်ညီသွားတယ်လို့ ကိုယ်ထင်တယ်။

အဓိက ဇာတ်ကောင်က သုံးယောက်ဆိုပေမယ့် ဒီဇာတ်လမ်းရဲ့mainက မှိုင်းခေါင်ဝေဦးပါ။ ကိုယ်က မှိုင်းခေါင်ရဲ့ကာရိုက်တာကို အရင်စဉ်းစားမိပြီးတော့မှ ငွေရှိုင်းဆိုတဲ့ကောင်လေးကို ဖန်တီးခဲ့တာ။ ငွေရှိုင်းအတွက် ရှိကိုရှိပေးသင့်တဲ့သူကတော့ အလင်းဝေပေါ့...။ ဒါကြောင့် ဒီဇာတ်လမ်းဟာ မှိုင်းခေါင်ဝေဦး၊ငွေရှိုင်း၊အလင်းဝေဆိုတဲ့ ကောင်လေးသုံးယောက်သာမပါရင် ပြီးပြည့်စုံမှာမဟုတ်ဘူး။

အရင်ရေးခဲ့တဲ့ ဇာတ်လမ်းတွေမှာဆိုရင်လည်း စာဖတ်သူတွေအတွက် ခံစားမှုရသ တစ်ခုခုကိုတော့ ထည့်ပေးနိုင်အောင် ကိုယ်ကြိုးစားတယ်။ ဒီမှာလည်း စာဖတ်သူတွေက တစ်ခုခုတော့ခံစားသိရှိနိုင်လိမ့်မယ်လို့ ကိုယ်ထင်ပါတယ်။ ဒါက မှိုင်းခေါင်ဝေဦးရဲ့တစ်ဖက်သတ် အချစ်ဇာတ်လမ်းဆိုတာထက် ပိုပြီးတော့ပေါ့လေ။

အစကတည်းက ဒီဇာတ်လမ်းဟာ ဟန်မီကြိုက်လို့ရေးတဲ့ဇာတ်လမ်းပါလို့ ကိုယ်ပြောခဲ့တယ်။ ကိုယ်နဲ့နှလုံးသားချင်းတူသူတွေကတော့ ငွေမှိုင်းလင်းဝေကို သဘောကျကြမှာပါပဲ။

တစ်ခုဝန်ခံချင်တာက....ငွေရှိုင်းနဲ့အလင်းဝေတို့အတွဲကို သဘောကျတဲ့သူတွေအတွက် အဆုံးသတ်က
Happy endingဖြစ်လိမ့်မယ်။ ကိုယ့်လို မှိုင်းခေါင်ဝေဦးကို သဘောကျတဲ့သူအတွက်ကျ SEဖြစ်နေတယ်။ ကိုယ် မှိုင်းခေါင်ကို နာကျင်စေခဲ့တဲ့အတွက် ကိုယ်လည်းထပ်တူနာကျင်နေတယ်။

စာရေးသူတွေအတွက်ကျ ဒုတိယလူနေရာက ဇာတ်ကောင်ကို ပိုသဘောကျရင်တောင် အဲ့ဒီ ဇာတ်ကောင်အပေါ်မှာ ဘက်လိုက်မှုမရှိသင့်ဘူး။ မှိုင်းခေါင်အပေါ်မှာ ဟန်မီက ဘက်မလိုက်ခဲ့ပါဘူး။ ဒီကောင်လေးကို နာကျင်မှုတွေသာ ပေးခဲ့လို့စာဖတ်သူတွေက မှိုင်းခေါင်ကို ဟန်မီ့ထက်ပိုပြီး အများကြီးချစ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ငွေမှိုင်းလင်းဝေမှာ Extraမရှိပါဘူး။ ဒီကောင်လေးသုံးယောက်က ရှေ့ဆက်ပြီး ဒီအတိုင်းလေးပဲ ဆက်သွားနေမှာမို့လို့ပါ။

ထပ်ပြောချင်တာက ဟန်မီ့ရဲ့စာဖတ်သူတွေကို ဟန်မီက ကျေးဇူးတင်ရုံတင်မကဘဲ ချစ်လည်းချစ်ပါတယ်။

ရင်ခုန်အောင်ပြောရရင် မင်းတို့ရှိနေလို့
ကိုယ်လည်း ဒီနေရာမှာ ရှိနေနိုင်တာပါ...။

နောက်ထပ်ဖန်တီးမှုတွေမှာလည်း ကိုယ်နဲ့အတူရှိနေပေးပြီး ကိုယ့်ကိုအားပေးပါဦးနော်❤

အခုတော့ ဒီကောင်လေးသုံးယောက်ကို နှုတ်ဆက်ပြီး ရှေ့ကိုဆက်သွားကြရအောင်ပါ...။

Love you all❤
Han_Me
(19.10.2020)









ေငြမိႈင္းလင္းေဝ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ