အပိုင်း-၂၇ .(Unicode)

Start from the beginning
                                    

"ကဲပါ ရှက်နေစရာမလိုပါဘူးဟယ်။ ငါတို့ကနားလည်ပေးပြီးသားပါ။"

ဟာရကိုနန်းဆန်နဲ့အတူရွှေရည်ပါဖက်ထားလိုက်သည်။

"ဘာလိုလိုနဲ့ ငါ့သူငယ်ချင်းလေးဟာရတောင် လင်ကောင်းသားကောင်းလေးရလို့သွားခဲ့ပြီ။ သုံးယောက်ထဲမှာ ငါတစ်ယောက်ပဲ ရည်းစားမရသေးတာ။"

"နင့်crushလေးကကော အခြေအနေမထူးသေးဘူးလား။"

"နင်တို့ကိုကြည့်ပြီး ငါ့မှာလေသူ့ကိုတွေ့ရင် သံသယတောင်ဝင်မိတယ်။ သူလဲတစ်နေ့ နင်လိုယောကျ်ားယူမယ်ဆိုရင် ငါတော့ဂွမ်းပြီ။"

"ဟား..."

"ဟား..."

ရွှေရည်အပြောကြောင့် ဟာရနဲ့နန်းဆန်အတူရယ်မောလိုက်သည်။

"အခြားယောကျ်ားတွေက နင်ထင်သလိုမဟုတ်ပါဘူးဟာ။"

သူ့ကိုဘယ်လိုပင် နှစ်သိမ့်နေပါစေရွှေရည်သူ့crushကောင်လေးကိုသိပ်မယုံရဲတာတော့အမှန်ပင်။

"ဒါနဲ့ဟာရနင်နဲ့ကိုဓနတို့က အဆင်ပြေသွားကြပြီဆိုတော့ ငါတို့ကိုဘာကျွေးမှာလဲ။"

"ဟင်"

သူ့အနားမှာရှိတဲ့ နန်းဆန်ကလဲလက်မထောင်ပြကာ ဟုတ်မှန်ကြောင်းထောက်ခံပြန်သည်။

"ဒါကငါနဲ့မဆိုင်တော့ဘူး။ နင်တို့စားချင်သောက်ချင်တယ်ဆိုရင် ကိုဓနဆိုတဲ့လူကြီးကိုဖုန်းဆက်မေးလိုက်ပါ။ အခုတော့ ငါပင်ပန်းလာလို့အခန်းထဲဝင်နားလိုက်အုံးမယ် ဟုတ်ပြီလား။"

ဟာရမျက်နာကို ခပ်ဝင့်ဝင်အနေအထားပြုလုပ်ကာ လက်မောင်းသားလေးများကို နှိပ်နယ်ပြရင်းအခန်းထဲသို့ဝင်လာခဲ့သည်။

"အမလေး လင်ရသွားတော့ အချိုးကတစ်မျိုးပြောင်းသွားတယ်။ သူ့လင်ကဘာတွေလုပ်လိုက်လို့ သူကပင်ပန်းနေရတာလဲမသိဘူး။"

သူတို့ပြောစကားကို ဂရုပင်မစိုက်ပဲအခန်းထဲဝင်သွားသော ဟာရကြားအောင် တမင်သက်သက်အော်ပြောလိုက်သည်။

"ရွှေရည်ရယ် ဟိုကမကြားချင်ယောင်ဆောင်ပြီး အခန်းထဲဝင်သွားပြီ။ နင်ကအခုထိပြောနေတုန်းလား။ နငိ့အသံကြီးကို ဘေးအိမ်လူတွေကြားကုန်ပါအုံးမယ်။"

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now