Part 1

155 11 0
                                        

Whatever
part1

"တကယ်လို့ ငါတို့ ငရဲ ကို ရောက်မယ်ဆိုဘယ်လို လုပ်မလဲ"
"ငရဲဆိုတာ ဘယ်လိုမျိုးလို့ မင်းခံယူထားလဲ"
"ငါတို့ကို နာကျင်အောင် နှိပ်စက်မယ့် အရာတွေ ရှိတဲ့နေရာပေါ့"
"အင်း အဲ့တာတွေက နောက်မှ အခုလောလောဆယ်တော့ မင်းငိုနေတာဟာ ငါ့အတွက်ငရဲပဲ xiao zhan"

~~~~~~~~~

ကျွန်တော်နာမည်က  Wang Yi bo~~~

"Wang Yi Boနင်ကျောင်းသွားတာ စောလှချည်လား"
မနက် ၈နာရီ။ ပုံမှန်အတိုင်းဆို ဒီအချိန်သွားနေကျပဲ ။ ဒေါ်လေး  ဖန်ဘာလို့ အခုလို စကားမရှိစကားရှာပြီးလာပြောလဲ သိတာပေါ့။
ဒီနေ့က ကျွန်တော်ကျောင်းစရိတ်တွေလာပေးမယ့်နေ့လေ။ တစ်လတစ်ခါလာပေးလေ့ရှိတယ်။ ဟိုးငယ်ငယ်ကတည်းက မိဘတွေဆုံးသွားကတည်းကပေါ့။ ဘယ်သူကပေးတာလဲ။ ဘာလို့ပေးတာလဲတော့ မသိဘူး။

"ဟဲ့ အရိုင်းအစိုင်း စကားပြန်မပြောနဲ့သိလား အအ အတိုင်းပဲ"

ဒေါ်လေးဖန်ကို စကားပြန်မပြောချင်ပါ။ဘယ်တုန်းကမှလည်း စကားမပြောခဲ့ဖူးပါ။

အမြဲတည်ထားတတ်တဲ့ မျက်နှာကိုလည်း ပုံမှန်အတိုင်းတည်ထားတုန်းပဲ။
ကားဂိတ်ရှိလမ်းတစ်လျှောက် နှုတ်ဆက်တဲ့အသိမိတ်ဆွေတစ်ယောက်မှမရှိ။
နှုတ်ဆက်ချင်စိတ်မရှိပေ။
လာနှုတ်ဆက်ခဲ့ရင်လည်း ထုံးစံအတိုင်း မသိချင်ယောင်ဆောင် မျက်နှာလွှဲရပေအုံးမည်။
လူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင်ပြုံးပြတာကို စိတ်ပျက်စရာကောင်းတယ် လို့ ခံယူထားတယ်။ ပြုံးပြရတာ ပင်ပန်းတယ်။ ဘာလို့ဆို မပြုံးပြချင်ပဲ အတင်း ပြုံးပြရတာကြောင့်ပေါ့။

မနက် ၈:၃၀ ~~~~
ကျောင်းသို့ရောက်ပြီး lecture ချိန် အခန်းထဲဝင်ထိုင်ပြီး ဆရာမအလာစောင့်နေလိုက်တယ်။
ဆရာမလာတော့ ထုံးစံအတိုင်း စာကို ဂရုစိုက်နားထောင်နေလိုက်တယ်။
မေးရင်ဖြေလိုက်တယ်။
မသိရင် ထမေးတယ်။

နေ့လည် ၂:၀၀~~~~
ပုံမှန်ဆို ဒီအချိန် lecture ချိန်တတ်ရတယ်ဆိုပေမယ့် ဒီလိုနေ့မျိုးကတော့ ချွင်းချက်ပါ။
ခြေလှမ်းတွေနဲ့အတူ basketball court ထဲကို ရောက်လာခဲ့တယ်။
လူများတဲ့နေရာတွေသဘောမကျတတ်ပေမယ့် ဒီအချိန်ကတော့ ချွင်းချက်ပဲ။
ဒီနေ့က blue team နဲ့ red team တို့ပွဲလေ။
court နဲ့မလှမ်းမကမ်း မှာနေရာယူပြီး တစ်ယောက်သောသူကို ကြည့်နေလိုက်တယ်။

" Whatever " Stories to obsess over. Discover now