"အင်း...အင်း..."

"ကျစ်...ရိုက်လိုက်ကွာ..."

ရုတ်တရက်ဇက်ပိုးကိုရိုက်ချခံလိုက်ရခြင်းနှင့်အတူသူ့ကမ္ဘာဟာအ​မှောင်ကျသွား​လေသည်။

"ဒီ​ကောင်​လေးပဲ...မင်းတို့........သတ်တာ...ဦး​အောင်ရဲ..........သွေး​ကျွေးဆပ်မယ်...."

ပြတ်​တောင်းပြတ်​တောင်းဝိုးဝဝါးကြားရ​သောအသံ​တွေ​နှင့်အတူမျက်လုံး​တွေပွင့်လာခဲ့သည်.......

မိမိမျက်စိ​ရှေ့မှာ​တွေ့ရတာကမြင်ဖူးခဲ့တဲ့အိမ်ကြီး....​ခြေ​ထောက်​တွေ....ရုန်းကန်​နေတဲ့​ခြေ​ထောက်...ရပ်​နေကြတဲ့​ခြေ​ထောက်​တွေ.....

"Rainကိုလွှတ်​ပေး...လွှတ်​ပေးလို့...!"

ဒါစိုင်းရဲ့အသံ.....မျက်လုံးကိုအားပြုပြီးဖွင့်လိုက်သည်....သူ့​ရှေ့မှာရပ်ရင်းသူ့ကိုကြည့်​နေ​သောလူသုံး​ယောက်နဲ့ရုန်းကန်​နေ​သောစိုင်း.......

"စိုင်း"

"Rainသတိရပြီလား...​ပြေး..ထွက်​ပြေး"

"ဟင်..."စိုင်းရဲ့စကား​တွေကဘာ​တွေလဲ...သူ့အားရပ်ကြည့်​နေ​သောလူသုံး​ယောက်ကိုကြည့်လိုက်သည်....စိုင်းရဲ့အ​ဖေ၊အကို...ပြီး​တော့...

"အကို!...အကို...အင့်..."အကို့ကိုမြင်သည်နှင့်အားရဝမ်းသာ​ပြေးဖက်လိုက်သည်......

"အကို....ဟင့်...ကျွန်​တော့်ကိုထားခဲ့ပြီထင်တာ"

ငြိမ်သက်​နေ​သောအကိုသည်သူ့အားစကားပြန်မ​ပြော..."ဖယ်စမ်း!....အ့"

ရုတ်တရက်​ဆောင့်တွန်းခံလိုက်ရခြင်းနှင့်အတူမိုး​သောက်၏ခန္ဓာကိုယ်​လေးသည်ကြမ်းပြင်သို့ပုံလျက်ကျသွား​လေသည်...

"အကို...ဘာ...ဘာလို့လဲ"

"ဘယ်ကအကိုလဲ...လူသတ်သမားသားရဲ့"

"ဟင်...!မဟုတ်ဘူး...အကို...ကျွန်​​တော်​လေ...Star​လေ"

"​တော်စမ်း!လူသတ်သမားသား...ငါ့ကိုအကိုလို့မ​ခေါ်စမ်းနဲ့....ငါ့နာမည်ဒီဒီထွဋ်​ခေါင်"

"အကို"

"ကျစ်.. ​ပြော​နေတာကိုနားမလည်ဘူးလား"

"ကိုကိုကြီးမလုပ်ပါနဲ့!"ဒီဒီထွဋ်​ခေါင်သည်​ပြောလည်း​ပြော​ခြေ​ထောက်နဲ့လည်းကန်ရန်ပြင်တာ​ကြောင့်စိုင်း​နောင်ကဆွဲတား​လေသည်.......

💙Blur💙(Completed)Where stories live. Discover now