" ကိုရင် ၊ ကိုရင်လို့ ခေါ်ရမယ် "

" ရဘူးရဘူး ။ ကိုကိုလေးပဲ ။ ကိုကိုလေးပဲခေါ်မှာ ရှန့်ရှန့်ကိုလာတားနဲ့ ။ ရှန့်ရှန့်က ဒီလိုပဲခေါ်ချင်တာပါဆို "

မျက်စောင်းလေးထိုးကာ နှုတ်ခမ်းလေးကိုထော်ပြီး တစ်ကိုယ်လုံးလှုပ်ယမ်းကာ ပြောနေတဲ့ ကလေးလေးကြောင့် ကိုရင်ငယ်လေး သက်ပြင်းရှည်ရှည်သာချပြီး လက်လျှော့လိုက်ရလေတော့သည် ။

ခြောက်လည်းမရ ၊ ချော့လည်းမရ ။

" ...အောမိထော်ဖော်...." ( မြတ်စွာဘုရား )

မျက်လုံးအသာမှိတ်လို့ ရွတ်ဆိုသံအဆုံးမှာ တစ်ခစ်ခစ်နဲ့ ထရယ်တဲ့ကလေးလေးကြောင့် ကိုရင်ငယ်လေးမှာ ​တစ်ချက်ကြောင်သွားရသည် ။

ဘာများမှားသွားလို့လဲ!

" ခစ်ခစ်!! အော်မိတော်တော် အော်မိတော်တော် "

သူလုပ်သလို လက်အုပ်ချီပြီး မျက်လုံးလေးမှိတ်ကာ မပီကလာပီကလာနဲ့ရွတ်နေတဲ့ အနီရောင်အကောင်ပေါက်လေးကိုကြည့်ပြီး ကိုရင်ငယ်လေး မထိန်းနိုင်စွာ ခေါင်းကိုခပ်ဖြေးဖြေးရမ်းလို့ ရယ်မိတော့သည် ။ ဒီဟာလေးနဲ့တွေ့မှပဲ ကိုရင်လေး လန်ဝမ်ကျီး အိန္ဒြေပျက်ရချည်ရဲ့ ။

" ဟီးဟီး.. အော်မိတော်တော်...
အော် မိ တော် တော် "

သွားကျိုးလေးနဲ့ပေါက်စက ထိုစကားကိုပဲ လေသံအတက်အကျပေါင်းစုံနဲ့ ဆက်တိုက်ရွတ်နေတာကြောင့် ကိုရင်လေး တစ်ချတ်ဟန့်လိုက်သည် ။

" တော်တော့ ။ အိန္ဒြေမရှိဘူး "

" ကိုကိုလေးကလည်း~~ ရှန့်ရှန့်ကိုလေသံမာကြီးနဲ့မပြောပါနဲ့ ။  ရှန့်ရှန့်က ချစ်လို့စတာပါ "

" ဟမ်.... "

ငါးနှစ်သားအတက်ကလေးရဲ့ ပလီပလာစကားအဆုံးမှာ ဆယ့်သုံနှစ်သားရိုးရိုးအအကိုရင်ငယ်လေး ခင်မျာ တစ်ကိုယ်လုံး ခေတ္တတောင့်တင်းသွားရသည် ။ ကလေးလေးကတော့ သူမဟုတ်သလိုပင် ။ ကျောင်းမုခ်ဦးပေါက်ဝဘက်ကို လည်လေးတဆန့်ဆန့် ခြေလေးတဆန့်ဆန့်ဖြင့် ။

" ချန်ချန်က ကြာလိုက်တာနော် ရှန့်ရှန့်က စားချင်နေပါပြီဆို "

Don't take away !! Where stories live. Discover now