" ခြေထောက်က ၊ နာနေတယ်ဆို "

ထိုအခါ ကလေးပေါက်စက ကိုရင်လေးကို တုံးရန်ကောဆိုတဲ့အကြည့်နဲ့ မျက်လုံးလေးဝံ့ကာကြည့်ရင်း ဟီးကနဲထပ်ရယ်ပြန်သည် ။

" ဟီး... ညာတာလေ ။ သိလားကိုကိုလေး
ကိုကိုလေးပေးတဲ့ဆေးလိမ်းထဲက ရှန့်ရှန့်ကနာတော့ဘူးရယ် ။ ချိုချဉ်စားချင်လို့ သက်သက် ချန်ချန်ကို ညာလိုက်တာ...။ဟီး... ရှန့်ရှန့်တော်တယ်မလား "

သူ့ရှေ့ကို လက်မပုစိလေးထောင်ပြကာ သွားလေးဖြဲပြီးမေးနေသော ကလေးလေးကြောင့် ကိုရင်ငယ်လေးမှာ မနိုင်စွာနဲ့ မျက်လုံးလေးတစ်ချတ်မှိတ် သက်ပြင်းတစ်ချက် ခပ်ဖြေးဖြေးချလိုက်ကာဖြင့် 

" မညာရဘူးလေ ။ ညာတာက ၊ မကောင်းဘူး "

ကျန်းချန်လို အသံအောင်အောင်နဲ့ အော်ရင်တောင် မျက်လုံးလေးပင်ဝင့်မကြည့်တတ်တဲ့ ရှန့်ရှန့်အဖို့ ကိုရင်ငယ်လေးရဲ့ လေပြည်အေးအေးတရားလေးတွေက သူ့ကိုမြူနေသလိုပင် ။

" ဟီးဟီး.. ညာမှာပဲ~~ ၊ ညာမှာပဲ~~ရှန့်ရှန့်ကိုလာတားနဲ့~~ "

ကိုရင်ငယ်လေးရဲ့စကားကို နားမထောင်ပဲ ခေါင်းလုံးလေးကို ယမ်းယမ်းပြီး သီချင်းပင်ဆိုနေတာကြောင့် ဆံနွယ်ထက်က ဖဲကြိုးနီနီကလေးက တလွင့်လွင့် ။

ဘယ်လိုပြောပြော နားမဝင်တဲ့ ကလေးငယ်ကြောင့် ကိုရင်ငယ်လေးက လေသံကို အနည်းငယ်ပြင်လိုက်ကာဖြင့်

" မညာရဘူး ၊ ကိုကိုလေးမဟုတ်ဘူး ၊ သူတော်စင်တွေကို အဲ့လိုမခေါ်သင့်ဘူး ၊ ကိုရင်လို့ခေါ် ရမယ် "

" ရှန့်ရှန့် နားလည်ပါပီ "

ရုပ်တည်ကြီးနဲ့ ပြောလိုက်တော့လည်း  ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ သူမဟုတ်တဲ့အတိုင်း မျက်နှာလေးကို ငယ်လို့ ငြိမ်သွားပြန်သည် ။
ထို့နောက် မျက်နှာသေးသေးလေးကို ကြည့်ရင်း တစ်ခုခုကိုသတိရလာတာကြောင့် ဝတ်ရုံထဲမှထုတ်လိုက်သည် ။ 

" ရော့ "

" ဟင်!! ရှန့်ရှန့်ပုဝါလေး ။ ဟီး.. စောစောကပန်းခြံထဲမှာ ရှန့်ရှန့် ဖြုတ်ချခဲ့တာရယ် "

" တံမြတ်စည်းလှည်းရင်း တွေ့ခဲ့တာ "

" ဟီး.. သူတော်စင်ကိုကိုလေးကို ကျေးဇူးအများကြီးတင်ပါရယ်..."

Don't take away !! Where stories live. Discover now