အပိုင်း-၂၅ .(Unicode)

Start bij het begin
                                    

ဓနအနေခက်မည်ဆိုးသောကြောင့် ဟာရဝင်ဖြေလိုက်သည်။

"အေးပါ နင်တို့အဆင်ပြေရင်ပြီးသာပါပဲ။ ငါကနင်တို့ဖွင့်ပြောချိန် နောက်ကျမှာဆိုးလို့။ ဒါပေမယ့် ငါစိတ်မပူပါဘူး။"

"ဘာလို့စိတ်မပူတာလဲရွှေရည်"

ရွှေရည်စကားထူးဆန်းသောကြောင့် ဟာရမေးလိုက်သည်။

"နင်အခုထိမသိဘူးလား။ ငါတို့ကလပ်သွားတဲ့ညကို နင်မှတ်မိလား။"

"မှတ်မိတယ်လေ ဘာဖြစ်လို့လဲ"

"ဘာဖြစ်လဲဟုတ်လား ဟာရ။ နင်ကိုဓနကိုအရက်မူးပြီးနမ်းလိုက်တယ်လေ ကလပ်ထဲမှာ။ ပြီးတော့ နင်ကိုဓနပခုံးပေါ်မှာ အိပ်ပျော်သွားတယ်လေ။ နင်အဲ့ဒီညက အဖြစ်အပျက်ကို နည်းနည်းလေးမှ မမှတ်မိဘူးလားဟာရ။"

"ဘယ်မှတ်မိမလဲရွှေရည်ရယ် ဟာရကအရက်သောက်တာများသွားလို့ မူးသွားရင် ညကဘာဖြစ်တယ်ဆိုတာကို မနက်ရောက်ရင် မမှတ်မိတော့တဲ့အကျင့်ရှိတယ်လေ။"

နန်းဆန်မုန့်ပန်းကန်ကို ခုံပေါ်တင်ရင်းခုံမှာဝင်ထိုင်ကာ ပြောလိုက်သည်။

"နန်းဆန်နင်လူစုံမှ ငါ့ကိုအရှက်ခွဲရသလား။"

"ငါကအမှန်ပြောတာကို နင်ကကောမဟုတ်လို့လား။"

"ဒါဆိုအခုထိ ဟာရကအဲ့ညကအဖြစ်အပျက်ကို လုံးဝမမှတ်မိတာပေါ့လေ။"

"ဟုတ်တယ်ကို။ ဟာရက အဲ့ညကဘာဖြစ်လဲဆိုတာကို လုံးဝမမှတ်မိတာ။ သူကိုဓနကို ကလပ်ထဲမှာ ချစ်တယ်ဆိုပြီးနမ်းတာကအစပေါ့။"

"နန်းဆန်တင်မတော်တော့ဘူးလား။ မဟုတ်ရင်နင့်ကို ငါcoffeeနဲ့ပက်မှာနော်။"

ဟာရရှက်ရမ်းရမ်းကာ နန်းဆန်ကိုလှမ်းကြိမ်းလိုက်သည်။

"ဒါ့ကြောင့် ကိုရဲ့သူငယ်ချင်းယောက်ဖလောင်းလေးက feelကျဲနေတာကို ဟုတ်တယ်မလားယောက်ဖ။"

"ငါကဘာက်ို feelကျဲရမှာလဲ ခွေးကောင်ရ။ မင်းတို့သိပ်မစနဲ့တော့ ဒီမှာကြောင်ပေါက်လေးက ရှက်နေပြီ။ "

ဟာရတကယ်လဲအရှက်လွန်ကာ မျက်နာတစ်ခုလုံး ခရမ်းချဥ်သီးအမှည့်လိုပင် နီရဲလို့နေသည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Waar verhalen tot leven komen. Ontdek het nu