မိုး​​သောက်​ရေချိုးပြီးပြန်တက်လာ​တော့သူတို့နှစ်ဦးထမင်းလက်ဆုံစားကာအရုပ်​လေး​တွေကိုမှို့ဆက်သွပ်ကြ​လေသည်.....အရုပ်​လေး​တွေကိုသွပ်ရင်းနှစ်​ယောက်သားရဲ့တစ်​နေ့တာကို​ပြောကာရယ်လိုက်​​မောလိုက်ကြနှင့်အချိန်​တွေကိုကုန်ဆုံး​စေကြ​လေရဲ့.......

မီး​ရောင်တလက်လက်နှင့်လမ်းမထက်​ပြေးလွှား​နေ​သောကား​လေးတစ်စီးထဲတွင်လည်း​ကောင်လေးနှစ်​ယောက်သည်ရယ်ရင်း​မောရင်းပါလာကြ​လေသည်။

"ကိုကို"

"ဗျာ"

"​နောင်ဒီ​နေ့သူငယ်ချင်းအသစ်ရတယ်"

"ကိုကို​တွေ့တယ်​လေ​နောင်​လေးရဲ့...မိုး​​သောက်ကြယ်ဆိုတဲ့​ကောင်​လေးမလား"

"ကိုကိုကဘယ်လိုသိတာလဲ"

"​ဟောဗျာ...​ဟော့ဒီ့က​နောင်​နောင်​လေးပဲမိတ်ဆက်​ပေးထားတာမဟုတ်ဘူးလား​ပြော"

​နောင်၏​မေး​စေ့​လေးမှဆွဲကာချစ်စနိုး​လေး​​ပြောလိုက်​တော့တခစ်ခစ်နှင့်ရယ်​လေသည်.....

"ကိုကို​နောင့်ကိုသူငယ်ချင်း​တွေနဲ့​တွေ့ဖို့လိုက်ပို့မယ်မလား...."

"ခုပို့​နေတယ်​လေက​လေးရဲ့..."

"ဟုတ်ပါပြီ....​နောင်ကစတာပါ..."

"​ရောက်​တော့မယ်ခဏပဲ​စောင့်"

"ဟုတ်...."

ကား​လေးကိုအရှိန်တင်​​မောင်းရင်း​တောင်ဥက္ကလာသစ္စာလမ်းမ​​ပေါ်ကဟော့​ပေါ့ဆိုင်​လေး​ရှေ့​ရောက်​တော့ကား​လေးကိုပါကင်ထိုးလိုက်သည်။ထိုအခါထိုက​လေး​လေးသည်သူ့အား"​ကျေးဇူးပါဗျ"ဟု​ပြောလျက်​ပြေးဆင်းသွား​လေသည်.....​ပြေးဆင်းသွား​သော​ကောင်​လေး၏​ကျောပြင်​လေးကိုကြည့်ကာနှုတ်ခမ်းတစ်ဖက်​ကော့တက်ရုံသာပြုံးလိုက်သည်။

ထို့​နောက်သူလည်းပဲထို​ကောင်​လေး​နောက်သို့လိုက်သွားလိုက်သည်.....

"ဟာ....လူစုံကြပြီလား.."

"​အေးကွ...လာသားကြီးရာ..ထိုင် မ​တွေ့တာ​တောင်ကြာ​ရော​ပေါ့"

"အင်း...တက္ကသိုလ်​တွေမတူ​တော့လည်းဒီလိုပဲ​ပေါ့ကွာ..."

"​အေးကွာ...လာသားကြီးခဏ​နေမှစားချင်တာသွားယူ...ခု​တော့အ​မော​ဖြေလိုက်ဦး"

💙Blur💙(Completed)जहाँ कहानियाँ रहती हैं। अभी खोजें