C''ဟုတ် အရှေ့ထိလိုက်ပို့ပေးမယ်လေ

I''အာ ရပါတယ် အားနာစရာလူမှမဟုတ်တာ ပြီးခြေထောက်ကကောင်းသေးတာမဟုတ်ဘူး ဂရုလည်းစိုက်အုံးနော် ဘယ်မှလည်းလျှောက်မသွားနဲ့အုံး

နားကြားပြင်းကပ်လိုက်တာ ဒီနေရာမှာဆက်နေချင်စိတ်တောင်မရှိတော့ တစ်ခါထဲအငွေ့သာဖြစ်သွားချင်တော့သည် ထိုအမအိမ်ထဲကထွက်သွားပြီးတော့မှ

C''လီလီ ဘာလာလုပ်တာလဲ

L'အင်း ဒီလိုပါပဲ လီလီပြန်တော့မယ်နော်

C''တစ်နေရာရာသွားမလို့လား ဝတ်ထားတာလည်းသေသေချာချာပဲ

L''အင်း အစောကတော့ချယ်နဲ့သွားမလို့ပဲ ချယ်ခြေထောက်နာနေတာ မေ့သွားတယ်

မေ့သွားတယ်တဲ့လားလီလီရယ် လီလီ့စိတ်ထဲချယ်ရှိနေပြီထင်ခဲ့မိတာ အခုတော့ချယ်ဒဏ်ရာရနေတာတောင် လီလီကသတိမရဘူးပဲ ချယ့်ဘက်ကပဲအတွေးတွေလွန်နေခဲ့မိတာထင်ပါရဲ့ လီလီကအစထဲက မိန်းကလေးတိုင်းကိုဒီလိုပဲဆက်ဆံတတ်သူနေမှာပါ ချယ်ကသာတစ်ဖက်သတ်တွေးချင်ရာတွေးပြီး စိတ်ကူးတွေယဥ်နေမိခဲ့တာ..

L''ကိုယ်ပြန်တော့မယ်

C''..

L''ချယ်ဘာတွေတွေးနေတာလဲ ကိုယ်ပြန်တော့မယ်လို့

C''ဟင် အင်းပြန်လေ

L''အင်း

ဘာတွေတွေးနေသည်မသိ သေချာတာတော့ကိုယ့်အကြောင်းတော့ဟုတ်ပုံမပေါ်တာမို့
လီလီအထူးတလည်လည်းနှုတ်ဆက်မနေတော့ ခြေထောက်ကိုဂရုစိုက်ဖို့လည်းမှာမနေချင်တော့ မှာသွားသူကရှိနေပြီမလား လီလီစိတ်ကုန်ခြင်းများစွာဖြင့်သာ ချယ့်အိမ်ထဲမှထွက်လာခဲ့လိုက်တော့သည်..

ကားလေးကိုလီလီလူရှင်းသောလမ်းမဘေးတစ်နေရာမှာ ထိုးရပ်လိုက်ပြီး ကားမှန်တွေကိုချလိုက်ကာ ခေါင်းကိုကားကူရှင်ပေါ်မှီလိုက်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်တော့သည် စိတ်ကူးယဥ်ခဲ့ရသမျှတွေဟာ ခုတော့အလကား ဒီမိန်းကလေးနဲ့ကျမှ မဖြစ်ဖူးတာတွေဖြစ်ခဲ့ရပြီ မခံစားဖူးသောခံစားချက်တွေခံစားနေခဲ့ရပြီ စိတ်ကူးမယဥ်တတ်တဲ့ကိုယ်ဟာ ဒီမိန်းကလေးနဲ့ကျမှ သာယာသောမိသားစုလေးထူထောင်ပြီးသည်အထိ စိတ်ကူးတွေယဥ်ခဲ့မိသည် ခုတော့အရာအားလုံးဟာ ဝေဝါးသွားခဲ့ရပြီ....

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now