love story

8.4K 786 23
                                    

Zawgyi

ရှောင်းကျန့် ပန်းချီသင်တန်းကို ရောက်လာတယ် ။ ဒါပေမဲ့ အတန်းဝမှာ တွေ့တဲ့ သင်တန်းသားတစ်ယောက်က ဒီနေ့သင်တန်း ပိတ်တယ်လို့ ပြောပြီး ပြန်သွားတယ် ။ ရှောင်းကျန့် ခေါင်းငြိမ့်ပြကာ သူ့ဆွဲလက်စပုံကို အိမ်ကိုယူသွားမယ် ဆိုပြီး အတန်းထဲ ဝင်မယ်ပြင်တော့ အထဲက ထွက်လာတဲ့ အသံတစ်သံ ။

"ဝမ်ရီပေါ် နင်လူယုတ်မာ! !"

ကောင်မလေးရဲ့ ဒေါသတကြီး အော်သံကြားတော့ ရှောင်းကျန့် စပ်စုကာ ဟ , နေတဲ့ တံခါးကြားကနေ ချောင်းကြည့်မိသည် ။ ဝမ်ရီပေါ် ဆိုတဲ့လူက မထုံတတ်တေးနဲ့ ခပ်ပြုံးပြုံး။

"ကိုယ် စော်တစ်ပွေ ကို တစ်ပတ်ထက်ပိုမတွဲဘူးဆိုတာ မင်းသိရက်သားနဲ့ ကြိုက်ခဲ့တာ မဟုတ်ဘူးလား "

" ဒါပေမဲ့ ကျမက ရှင့်ကိုတကယ် ချစ်တာလေ "

" ကိုယ်မှတကယ်မချစ်တာ "

"ရှင်က ကြောရရုံကြံချင်တာလား "

"ထင်ချင်သလိုထင်.."

ဖြန်းးး

ပုခုံးတွန့်ကာ ပြုံးထေ့ထေ့နဲ့ ပြောနေတာကို ကောင်မလေးက ပါးရိုက်ချလိုက်တာကြောင့် ရှောင်းကျန့်တောင် လန့်သွားရသည်။ ဒါကို ဝမ်ရီပေါ်ဆိုတဲ့ လူက ရယ်နေသေးတာ။

ကောင်မလေးက သူ့ရဲ့အဖိုးတန်ပိုက်ဆံအိတ်ကို လက်မှာချိတ်ကာ အပြင်ကိုထွက်လာတာကြောင့် ရှောင်းကျန့် အမြန် နံရံနဲ့ကပ်နေလိုက်သည် ။ ကောင်မလေးက ရှောင်းကျန့် ကို ကြည့်ကာ ဟွန့်ခနဲ တစ်ချက်လုပ်ရင်း ထွက်သွားသည်။

ရှောင်းကျန့် ကောင်မလေးကို လိုက်ကြည့်နေရင်းကနေ ဒီဖက်ကိုလှည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတဲ့ ဝမ်ရီပေါ်။

ရှောင်းကျန့် မျက်လုံးလေးပြူးကာ ဟနေတဲ့ ပါးစပ်လေးကို
ပြန်ပိတ်လိုက်ရင်း ရီပေါ့်ကို တစ်ချက်ကြည့်ကာ မလုံမလဲနှင့် ထွက်သွားရန် ပြင်တော့သည် ။

"သူများအကြောင်းတွေကို ခိုးနားထောင်ရတာ ကြိုက်တယ်နဲ့တူတယ် "

နောက်ကနေ ထွက်လာတဲ့ ရီပေါ့် အသံကြောင့် ရှောင်းကျန့် ခြေလှမ်းတွေရပ်သွားရသည် ။ မျက်လုံးလေး တောင်ရောက် မြောက်ရောက် နဲ့ ရီပေါ့်ဘက်ကိုလှည့်လာတဲ့ ရှောင်းကျန့် က ရိုးအ လွန်းပုံ ပေါ်သည်။

Yizhan (One Shot only) Where stories live. Discover now