Oh! My Pure Falling King Chapter 1
ဆိုးသွမ်းသော ရာသီဥတုသည် မြို့ကိုသည်းသည်းထန်ထန်ဖုံးလွှမ်း၍ ဝင်ရောက်စီးနင်းလာနေ၏။ ကောင်းကင်ယံတစ်ခုလုံး အိကျလာတော့မတတ် မှောင်မည်းနေပြီး မြောက်အရပ်မှ တဟုန်ထိုး ပြေးဝင်တိုက်ခတ်လာသော လေရူးတို့သည် သစ်ပင်ကြီးငယ်တို့ကို ရိုက်ခတ်ပွတ်တိုက်သွားခြင်းကြောင့် မြည်ဟီးလာသော လေတိုးသံတို့မှာ မြို့တော်တစ်ခုလုံးဆီသို့ ကျိန်စာတစ်ခုလို ပြန့်ကျက်သွားသည်။ ဤနေ့ကား ပြင်းထန်သောမုန်တိုင်းကို ကြိုဆိုလျက်ရှိသော နေ့တစ်နေ့ဖြစ်သည်။
သို့သော်လည်း ယွီယန် နန်းမြို့တော်တွင် နေထိုင်သော ပြည်သူတို့မှာ ထိုကဲ့သို့ အန္တရာယ်ရှိသော ရာသီဥတုကြီးထဲတွင် အိမ်ထဲ၌ ငြိမ်သက်စွာ မနေနိုင်ကြဘဲ လမ်းပေါ်တွင်သာ စုပြုံတိုးဝှေ့နေကြ၏။
လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ ဟူသမျှတို့သည် မြို့လယ်ခေါင် လမ်းမကြီးထက်တွင် စီတန်းကာ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေကြသည်။ သူတို့၏ အမုန်းတရားနှင့် သံသယများ ရောယှက်နေသော မျက်လုံးအစုံတို့မှာတော့ နန်းတော်ရှိရာ အရပ်ဆီသို့သာ စူးစိုက်ငေးမျှော်ကြည့်ရှုနေကြ၏။
အတန်ငယ်ကြာသောအခါ ခိုင်ခံ့လွန်းလှသော နန်းတံခါးကြီးသည် တကျိကျိမြည်ဟိန်းလျက် ဖြည်းညင်းစွာ ပွင့်ဟလာပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ရဲမက်အချို့ ထွက်လာသည်။ ထွက်လာသော ရဲမက်တို့အား ကြည့်နေရင်းနှင့် လူအုပ်ထဲမှ စက်ဆုပ်ရွံရှာဖွယ်ရာ စကားသံအချို့သည်လည်း လှိုင်းလုံးများပမာ ထွက်ပေါ်လာ၏။
"အခုထိ ထွက်မလာသေးဘူးလား။"
"သူထွက်သွားမှ ဒီနိုင်ငံ အေးချမ်းရလိမ့်မယ်။"
"သူက တိုင်းပြည်ကို ဒုက္ခရောက်စေမယ့် ဂြိုလ်ဆိုးပဲ။"
စသော စွပ်စွဲကဲ့ရဲ့သံတို့သည် လေမုန်တိုင်းသံကိုပင် လွှမ်းမိုးလျက် မြို့တော်ဝန်းကျင်တစ်ခုလုံးတွင် အုန်းအုန်းကျွက်ကျွက် ပျံ့နှံ့နေသည်။
ထို့နောက်တွင်တော့ နန်းတော်တွင်းမှ ထွက်လာသော ရဲမက်တို့၏နောက်တွင် သစ်သားတိုင်တို့ဖြင့် ကြမ်းတမ်းစွာ တည်ဆောက်ထားသည့် ဝေါယာဉ်တစ်ခု လိုက်ပါလာ၏။
YOU ARE READING
Oh! My Pure Falling King (OC)
Romanceယဲ့ယွင်ရှီးဆိုတဲ့ ဘုရင်ဟာ မှော်စွမ်းအားပျောက်ဆုံးသွားတာကြောင့် တိုင်းပြည်ရဲ့စွန့်ပစ်ချင်းကိုခံလိုက်ရတယ်။ တစ်နေ့မှာတော့ သူနေထိုင်ရာ စွန်ပစ်ခံသင်္ချိုင်းမြေဆီကို ကလေးငယ်လေးတစ်ယောက် ရောက်လာခဲ့ပါသတဲ့...။ တမြေ့မြေ့နာကျင်ပြီးဖတ်ရဝာာကိုကြိုက်ရင် ဝင်ဖတ်နိုင...
