C''ဘာလို့

Li''စိတ်ထဲမှာ အဆင်မပြေဘူးလေ ပြန်ထဲကဘာမှတောင်မစားရသေးဘူး

C''ဟုတ်လား ဘာလို့မစားပဲနေလဲ အစာအိမ်ဖြစ်နေအုံးမယ်

Li''အင်း ဟုတ်သား ကိုယ့်မှာအစာအိမ်ရှိတယ်

လီလီ့စကားကြောင့် ချယ်အထိတ်တလန့်ဖြစ်သွားရပြီး

C''တစ်ကယ်လား ဘယ်ထဲကဖြစ်တာလဲ

Li''အင်း ငယ်ငယ်ထဲကလေ

C''အဲ့ဒါကို ဘာလို့နေ့လည်ကမစားတာလဲ

Li''ဘာမှမဖြစ်ပါဘူး

C''အဆာအိမ်ရှိရင် အချိန်မှန်မှန်စားရတယ်လေ ဗိုက်ရောမအောင့်ဘူးလား

Li''ဟင့်အင်း မအောင့်ပါဘူး

C''ကလေးထဲကဖြစ်တာဆိုတော့ အရင်ကပုံမှန်မစားလို့လား

Li''မဟုတ်ဘူးလေ အစာအိမ်ကမွေးကထဲက ရှိတာမလား

C''ဟမ်

Li''ဟီး ဘာထင်သွားတာလဲ

C''ဟာ လီလီ ချယ်ကတစ်ကယ်ထင်သွားတာ နောက်စရာလား အဲ့ဟာက

Li''စတာလေ

C''မကောင်းတဲ့ဟာလေး

Li''ဟီး ဒါနဲ့ချယ်ရောစားပြီးပြီလား

လီလီမေးမှချယ်လည်းသတိရတော့သည် ချယ်လည်းဘာမှမစားဖြစ်သေးမလား

C''မစားရသေးဘူး

Li''ဟုတ်လား အာ့ဆိုအပြင်မှာသွားစားမလား

C''မစားတော့ပါဘူး လီလီအိမ်မှာစားသွားလေ

Li''အာ့လိုရလို့လား

C''ရတာပေါ့မေမေက သဘောကောင်းပါတယ် စားသွားမယ်မလား

Li''ဟုတ်

ချယ်လီလီ့ကို မီးဖိုခန်းထဲခေါ်လာပြီး

C''မေမေ ညနေစာစားတော့မယ်မလား

C'm''အင်းလေ

C''သမီးဧည့်သည်ရော တူတူစားမှာနော်

C'm''အင်း သမီးလေးနာမည်ကဘယ်လိုခေါ်လဲ

Li''lilyပါ

C'm''အင်း နာမည်လေးကချစ်စရာလေး ဒီမြို့ကလား

Li'မဟုတ်ပါဘူး လာလည်တာမာမီ့သူငယ်ချင်းအိမ်ကို

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now