အခန်းတံခါး​ပေါက်​ရောက်ခါနီးမှသိချင်တဲ့အရာကိုလှည့်​မေးမိသည်.....

"ကိုစိုင်း..."

"ဟင်"

"ကျွန်​​တော့်ကိုသနားသွားတာလား"

"ဟင့်အင်း...ကိုယ်ကမင်းကို​စောင့်​ရှောက်​ပေးချင်ယုံတင်ပါ....သနားစရာလို့မမြင်မိပါဘူး....."

ပြုံး၍​ဖြေလာ​သောအိပ်ချင်မူးတူးရုပ်နှင့်စိုင်းကိုမိုး​သောက်မျက်လုံးပြူး​လေးနှင့်​ငေး​နေမိသည်.....

"ဒုတ်..ဒုတ်..ဒုတ်...ဒုတ်..ဒုတ်..ဒုတ်"၆ချက်တိတိသိသိသာသာခုန်လှုပ်သွား​သောရင်ခုန်သံ​လေး.....

"Star...star .."

"ဗျ...ဗျာ..."

"အကို​ပြောတာကြားလိုက်ရဲ့လား...."

"အင်း...အင်း...​ကျေးဇူးကိုစိုင်း...ကျွန်​တော်မုန့်ဟင်းခါးသွားဝယ်ဦးမယ်..."

"​အေး​​အေး...."အိမ်ကျဥ်းကျဥ်း​လေးထဲမှာအခန်းကျဥ်း​လေးထဲက​ပြေးထွက်သွား​သော​ကောင်​လေးကိုကြည့်ကာ​ပြုံးလိုက်မိသည်.........

မိုး​သောက်လည်းထိုအခန်းထဲမှထွက်လာပြီးခပ်သွက်သွက်ပင်မျက်နှာကိုသစ်ကာမုန့်ဟင်းခါးဆိုင်သို့အမြန်သွားလိုက်သည်...လမ်းတစ်​လျှောက်လည်းသူ့ကိုကြည့်​နေကြမည့်အကြည့်​တွေကိုသတိမရနိုင်ခဲ့......စိုင်းသူ့အိမ်ကိုပထမဆုံး​ရောက်လာတုန်းကလို​​ပေါ့......

ထုံးစံအတိုင်းပဲမုန့်ဟင်းခါး​​လေးကိုထမင်းကြမ်း​လေးနဲ့နယ်ကာနှစ်​ယောက်သားမြိန်​ရေယှက်​ရေစားကြ​လေသည်..စိုင်းအတွက်​တော့ဒီလိုစားရတာကိုကျင့်သားရလို့​နေခဲ့ပြီ.....

"Starဒီ​နေ့အလုပ်ထွက်ခဲ့​တော့"

"ဗျာ..ချက်ချင်းကြီး"

"အင်းအကိုပါလိုက်ခဲ့မယ်...မင်းသူ​ဌေးကို​ပြောပြီးအရုပ်ဒိုင်ကို​တွေ့ရ​အောင်.."

"အဆင်​ပြေပါ့မလား...အကိုပင်ပန်းမှာ​​​နော်"

"ရပါတယ်...ခုချိန်မှာStarကအကို့ညီ...အကို့ညီကိုအကို​စောင့်​ရှောက်မယ်"

"​ကျေး...​ကျေးဇူးပါကိုစိုင်း..."

"အကိုလို့ပဲ​ခေါ်ပါလား...ကိုစိုင်းမဟုတ်ဘဲနဲ့"

💙Blur💙(Completed)Where stories live. Discover now