နွေရာသီမှာ ရောက်လာတတ်တဲ့
ပိုးစုန်းကြူးလေးကို
ဖန်ပုလင်းထဲ
ထည့်သိမ်းလို့များ ရလေမလား ။ဟင့်အင်း အဲ့ဒီ့လိုလုပ်လို့လည်း
မဖြစ်ပြန်ပါဘူး ။
မွန်းကြပ်ပြီးသေသွားမှာမျိုး မလိုချင်တာမို့။အနည်းငယ်လောက်
ထိတွေ့နိုင်တဲ့ နေရာလေးကနေ
ုမြင်နေခွင့် ကြည့်နေခွင့်ရတာလေးက
ကျွန်တော့်အတွက် အကောင်းဆုံးပါပဲလေ။
တိတ်တဆိတ်ပေါ့ ။ကျွန်တော်တို့ တစ်ယောက်စီတိုင်းမှာ
မချစ်ဘဲနဲ့ကို နေလို့မရတဲ့
လူတစ်ယောက်တော့ ရှိတတ်ကြစမြဲပါ ။
နာကျင်စရာကောင်းမှန်းသိလည်းပဲ
ချစ်ခြင်းမေတ္တာကို
ကျွန်တော်တို့ မရပ်တန့်နိုင်ခဲ့ဘူး ။နာကျင်ရမယ်ဆိုတာ သိရက်နဲ့
နောက်မဆုတ်တာမျိုးကို
သတ္တိလို့ ခေါ်ကြလေမလား ။
ချစ်ခြင်းမေတ္တာလို့လည်း
ခေါင်းစဉ်တပ်လို့ ရပါသေးတယ် ။
ဒါမှမဟုတ် ဉာဏ်တုံးတာလည်း
ဖြစ်နိုင်တာပါပဲ ။တစ်ခါတလေကြတော့
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်
ဘာဖြစ်လို့ဖြစ်နေမှန်း
အဖြေရှာလို့ မရနိုင်တာမျိုးပေါ့ ။တစ်ယောက်ထဲမှန်း ပိုသိအောင်
တစ်ယောက်ယောက်ကို
ဖက်တွယ်ခဲ့ပုံတွေပါပဲ ။ဘဝမှာအချစ်ခံရတာ သိပ်နည်းလွန်းခဲ့တော့
နည်းနည်းလေး အချစ်ခံရတာနဲ့
မိုးမမြင်လေမမြင် ပျော်နေမိတော့တာပဲ ။အမှောင်ထဲမှာ
အကြာကြီး နေခဲ့ရတဲ့သူတွေဟာ
အလင်းရောင်ကို
ပိုပြီးစွဲလန်းတတ်ကြတယ် မဟုတ်လား ။ကျွန်တော့်ရဲ့ ပိုးစုန်းကြူးလေးက
ပိစိလေးတော့ အန္တရာယ်များတယ် ။
အလင်းရောင်ကိုလည်း ကြောက်ပါသတဲ့ ။
လင်းလက်နေစေချင်တဲ့ကျွန်တော့်အတွက်
စိတ်ထဲဘဝင်မကျတဲ့ အချက်လေးပေါ့ ။တစ်လောကလုံးကို
သောက်ဖက်မလုပ်တဲ့လူက
တစ်ခါတလေတော့လည်း
ပွတ်သီးပွတ်သပ် လုပ်ချင်ပါသတဲ့ ။
ဒါကြောင့်မို့
သူ့ကို ကြောင်တစ်ကောင်လို
ဆက်ဆံပါလို့လည်းဆိုပြန်တယ် ။ချစ်စရာကောင်းတာချည်း မဟုတ်ပဲ
စူးရဲနေတဲ့ မျက်ဝန်းညိုညိုတွေကြောင့်
Leopardနဲ့တူတယ်လို့ပဲ
ကျွန်တော်ကတင်စားချင်ပြန်ရော ။
YOU ARE READING
Dear Luciole [ One Shot ]
Poetryနွေရာသီမှာရောက်လာတတ်တဲ့ ပိုးစုန်းကြူးလေးကို ဖန်ပုလင်းထဲ ထည့်သိမ်းခွင့်ရှိမလား ။ နွေရာသီမှာရောက်လာတတ်တဲ့ ပိုးစုန်းကြူးလေးကို ဖန်ပုလင်းထဲ ထည့်သိမ်းခွင့်ရှိမလား ။