"ဘယ်သူကစောင့်မယ်ပြောလို့လဲ"

ဖုန်းထုတ်ပြီးအသံကို ဂိတ်ဆုံးထိ တင်ကာ ကုတင်ပေါ်ထိုင်သုံးနေလိုက်တယ်

"ပါးဖောင်းလေးကKAWSရုပ်တွေကြိုက်တာလား"

ဘဲကြီးမေးလို့ကြည့်လိုက်မှ ph coverကKAWSရုပ်နဲ့

"မကြိုက်ပါဘူး"

ဆက်မငြင်းချင်တာနဲ့ ဖုန်းပိတ် စောင်ခေါင်းမြီးခြုံပြီးသာ အိပ်လိုက်တယ်

KAWSရုပ်မကြိုက်တဲ့ကောင်လေးကph coverမှာKAWSရုပ်နဲ့ လည်ဆွဲလေးကတောင်KAWSရုပ်လေး မတော်တရော်ယူဝတ်ထားတဲ့အင်္ကျီက Hoseokလေးနဲ့ကြီးနေတော့ အင်္ကျီပွပွကြီးထဲမြှုပ်နေတဲ့ရှဉ့်ပေါက်ကလေးလိုဘဲ လူကိုအမြဲဂျစ်တက်တဲ့ ဒီကောင်လေးကို အရိပ်တကြည့်ကြည့်စောင့်ရှောက်နေတာ ဒီကောင်လေး မသိလဲဖြစ်တယ် အဓိက ကပါးဖောင်းလေး ဘာမှမဖြစ်ဖို့ အလုပ်ပြီးလို့ကြည့်တော့ အိပ်မောကျနေတဲ့ ပါးဖောင်းလေးက ဟောက်သံလေးတောင်ထွက်နေပြီ ဘယ်လိုတောင်စိတ်ချလက်ချအိပ်နိုင်ရတာလဲ တော်သေးတာပေါ့ သူ့အိမ်မလို့ သူများအိမ်သာဆိုမလွယ်ဘူး
အနောက်ကနေဆွဲဖက် ရင်ခွင်ထဲထည့်ပြီး ဆံပင်ကိုဖွဖွနမ်းမိတော့ Strawberryနံ့လေးရတယ် ဟက်လူကသာ လူဆိူးလေး နို့နံ့မဆင်သေးတဲ့ လူဆိုးလေး Good night ရှဉ့်ပေါက်လေး
..........................

"Hoseok ,Tae hyung,Yoongi ,Jimin ခဏလောက်လိုက်ခဲ့စမ်းပါ"

ကျောင်းရောက်ရောက်ချင်းထိုင်မလို့လုပ်တုန်းရှိသေး သေနာလေးက အလောတကြီးခေါ်လာလို့ လိုက်လာရသေး
ဘာလုပ်ဖို့ခေါ်လာတယ်ထင်လဲ သူ့Hyungနဲ့မိတ်ဆက်ပေးဖို့တဲ့

"ဟီး ...Hyung"

"အော်Joonie"

"ဟုတ်မိတ်ဆက်ပေးမလို့ ဒါကျွန်တော်သူငယ်ချင်းတွေလေ သူက Min Yoongi သူကPark jiminသူက Kim Taehyung သူကတော့Jung Hoseokတဲ့ ဟရောင်တွေ ဒါငါ့Hyung Kim Seokjinတဲ့"

"ဟုတ်ကဲ့ ကျွန်တော်က Kim Seokjinပါ Jung Hoseokကိုတော့သိပါတယ်"

"ဟုတ်တွေ့ရတာဝမ်းသာပါတယ်"

"အာHyungကလဲ ဒီကောင်တွေကိုယဉ်ကျေးနေစရာမလိုပါဘူး"

"ဘောမွေးကောင်"

"လဒ"

"ခွေးချီးလိုကောင်"

"သေနာ"

BAL GYI Opowieści tętniące życiem. Odkryj je teraz