ဆိုင်ကယ်ပေါ်တက်ပြီး ပြန်လာတဲ့လမ်းတစ်လျှောက် နှစ်ယောက်လုံးဘာမှဆက်မပြောဖြစ်ကြ ချယ်ပျော်သည် တွေ့ဖူးချင်နေသည့်သူမကို တွေ့ရမယ်ဆိုသည့်မျှော်လင့်ချက်လေးက ပိုမိုအရောင်လင်းလက်လာခဲ့ရပြီ






အိမ်ရှေ့အရောက်ဆိုင်ကယ်ကို ရပ်လိုက်ပြီး နှစ်ယောက်လုံးဆိုင်ကယ်ပေါ်က ဆင်းပြီးချိန် မှာတော့ တစ်လမ်းလုံးတိတ်ဆိတ်နေခဲ့သည့် suzyက

S''ချယ် နင့်လူနာမည်ကလေ lနဲ့စတာဖြစ်မယ်

အရမ်းကိုတော်လွန်းသည့် သူငယ်ချင်းကြောင့် ချယ်အားရပါးရထရယ်တော့ ကြောင်ပြီးကြည့်နေသေးလေရဲ့

C''အဲ့ဒါကို နင်စဥ်းစားနေတာလား တစ်လမ်းလုံးလေ

S''အင်းလေ ဘာဖြစ်လို့လဲ

C''ဘာမှမဖြစ်ပါဘူး နင်အရမ်းဉာဏ်ကောင်းတာပဲလို့

S''ဘာလဲ နင်ငါ့ကိုလှောင်တာလား

C''မလေှာင်ပါဘူး😁😁

S''သွားတော့ ငါကသူ့အတွက်စဥ်းစားပေးခဲ့တာကို

C''အေးပါ ကျေးဇူးပဲငါ့နာမည်မဟုတ်မှတော့ သူ့နာမည်ပေါ့ ငါ့သူငယ်ချင်းတုန်းမှန်း ငါခုမှသိတယ်ကျန်း

S''😒😒တော်ပြီ ငါပြန်မယ် နင့်ဘာသာဆက်ရူးလိုက်

C''ရူးမယ် ဒီညတော့ စိတ်ကူးယဥ်လို့ကောင်းတော့မှာပဲ

S''နင်ဆေးမနိုင်တော့ဘူးပဲ အရူးမ

ချယ့်ကိုပြောပြီး suzyကသူ့အိမ်ဘက်ထွက်သွားခဲ့သည်မို့ ချယ်လည်းအိမ်ထဲကိုဝင်လာခဲ့လိုက်သည်

C''မေမေ

C'm''အင်းပြန်လာပြီလား

C''ဟုတ် သမီးအခန်းထဲသွားလိုက်အုံးမယ်နော်

ချယ်အခန်းထဲဝင်လာခဲ့ကာ ဆွဲကြိုးလေးကို ကြည့်နေမိသည်  ဒီဆွဲကြိုးလေးကအတော်လေးတူပေမယ့် မဟုတ်မှန်းတော့သိပါသည် ဒီညအိမ်မက်ထဲမှာ ကောင်းကောင်းမွန်မွန်တွေ့ကြမယ် ချယ့်ရဲ့'l'...

.
.
.
.


ဒီနေ့ဂျီဆူးတို့အိမ်မှာ ဆိုမီနှင့်ထမင်းလက်စုံစားရန် လီလီတို့မိသားစုသုံးယောက်ထွက်လာခဲ့ကြသည် အိမ်ရှေ့ကားရပ်ပြီးသည်နှင့် တံခါးဖွင့်ကာ အိမ်ထဲပြေးဝင်သွားသည့် lily

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now