Jennieနဲ့ Yeriလည်း အနောက်ကနေ လိုက်လာကြသည်

"Lisaက ဘာလို့ overprotective ဖြစ်နေတာလည်း ငါစဥ်းစားမရဘူး "

Jennie မျက်မှောင်ကြုတ်ကာ ပြောတော့ Yeriမှာ ရယ်ပြီး

"နင် မသိဘူးလား သဘောမပေါက်ဘူးလား Jennie "

Yeriမေးတော့ Jennie ခေါင်းခါပြသည်

"နင်တကယ် ဝေးတာဘဲ.....Lisaက Ros ကို ချစ်မိနေတာလေ "

"Wait what! နင် ဘယ်လိုသိတာလည်း "

Jennie အံ့သြပြီး မေးတော့ Yeri ရယ်ပြီး

"ငါက Lisaရဲ့ သူငယ်ချင်း လေ ပြီးတော့ ကျောင်းမှာဆို Ros ရဲ့ သက်တော်စောင့်ပေါ့ "

"နေပါအုံး ဒါဆို Lisaက Ros ကို စောင့်ကြည့်ဖို့ နင့်ကို ဒီကျောင်း လွှတ်လိုက်တာပေါ့ ငါပြောတာ မှန်တယ်မလား "

"ဟုတ်တယ် သူ Ros ကို မြင်မြင်ချင်း သဘောကျပြီး Stalk ခဲ့တာ stalkလေ ပိုပြီး အချစ်နွံထဲ နစ်သွားလေပေါ့ဟယ် "

Yeri ပြောပြတော့ Jennie သဘောပေါက်သွားလေသည်

ကျောင်းဆင်းတော့ Ros တစ်ယောက် Lisaရဲ့ companyကို သွားလေသည်

ဘာလို့ ဒီနေ့ Lisaက သူမနဲ့ အတူရှိချင်နေမှန်း Ros နားမလည်ပေ

ပြီးကျ Lisaက ဘာလို့ သူမကို လိုချင်နေမှန်းလည်း Ros သဘောမပေါက်သေးပေ

"ရောက်ပါပြီ သခင်မလေး "

ဒါရိုင်ဘာရဲ့ စကားကြောင့် Ros သတိပြန်ဝင်လာသည်

"အာ Ros လို့ဘဲခေါ်ပါ ဦးလေး "

"ဟုတ် "

Ros လည်း ဒါရိုင်ဘာကို ကျေးဇူးတင်စကားပြောပြီး ကားပေါ်က ဆင်းလိုက်တော့ အရမ်းအရမ်းကြီးမားကျယ်ပြန်တဲ့ companyကြီးကို မြင်ပြီး ပါးစပ်အဟာင်းသား ဖြစ်သွားတယ်

Ros companyထဲ ဝင်သွားတော့ Jisooနဲ့ တွေ့လေသည်

"Hey Ros "

"Jisoo "

"နင့်မျက်နှာက အံ့သြနေတဲ့ ပုံဘဲ "

"ဟုတ်တယ် Companyက တော်တော်ကြီးပြီး ကျယ်လိုက်တာနော် အတွင်းပိုင်းက ပြင်ဆင်ထားတာတွေလည်း တော်တော်မိုက်တယ် "

"နင်သိလား ဘယ်သူ့အကူအညီမှ မပါဘဲ ဒီ companyကို ဒီလို ဖြစ်လာအောင် Lisa တစ်ယောက်တည်း ကြိုးစားစီမံခန့်ခွဲလာတာ "

Secret GuardianWhere stories live. Discover now