C''ရူးလိုက်တာ နင့်အခန်းဘာလို့ရှုပ်တာလဲဆို အဲ့idolတွေကြောင့်

S''အေးဘာဖြစ် နင်လည်းတစ်မျိုးရူးနေတာပဲမလား

C''ဘာကိုငါကရူးရမှာလဲ

S''ငါကမှ လက်ရှိကိုရူးနေတာလေ နင်ကျဘယ်ကာလမှာရှိနေမှန်းမသိတဲ့သူကိုမှ လိုက်ရူးနေတာ

C''သူ့ဘာသာဖြစ်နေတာလေဟာ

S''အေးပါ အားတင်းထားသူငယ်ချင်း ငါနဲ့idolထဲက တစ်ယောက်ယောက်နဲ့ညားတဲ့နေ့ကျရင် နင်လည်းသူနဲ့တွေ့ရမှာပါ

ချယ်အနားကခေါင်းအုံးနှင့် ဆံပင်ဖြီးနေသည့်suzyကို ကောက်ပေါက်လိုက်ကာ

C''မဖြစ်နိုင်တဲ့အရာလို့ပဲ ဒဲ့ပြောလိုက်ပါလား

S''အင်း အာ့လိုပြောချင်တာ နင့်ကိုအားနာလို့
နင့်အာ့လူအပေါ် ဘယ်လောက်ရူးမှန်းငါသိတာမို့ ပြောဖို့အားနာလို့

C''ငါတစ်ခါလောက်လေးပဲ အပြင်မှာတွေ့ဖူးချင်ရုံပါ

S''တစ်ကယ်တစ်ခါလောက်လေးပဲလား

C''အင်း

S''အေးပါ ငါပြီးပြီ သွားရအောင်

ချယ်လည်းနေရာမှထပြီး suzyလက်ကိုဆွဲကာ နှစ်ယောက်သားအိမ်ထဲမှ ထွက်လာခဲ့လိုက်သည်

S''ဘယ်သွားမလို့

C''ဒီလိုပါပဲဟာ ပျင်းလို့

S''လာ လျှောက်သွားကြမယ်

C''ဆိုင်ကယ်ပေါ်တက်

ချယ်ပြောလိုက်တော့ suzyက နောက်မှာဝင်ထိုင်လိုက်ပြီး ခါးကိုဖက်လိုက်ကာ

S''နင်နဲ့လည်းနော် ဒီဆိုင်ကယ်ပဲစီးတော့မှာလား

C''မစီးစေချင်ရင် အသစ်ဝယ်ပေးလေ

S''ဖြစ်ရတယ် ဝယ်ပေးစရာလား

C''နင်ကလည်း အခင်ဆုံးသူငယ်ချင်းကို

S''တော် ပိုက်ဆံကုန်မယ့်အကြောင်းမပြောစမ်းနဲ့ ငါ့ဟာငါတောင် idolတွေအတွက်နဲ့ မားသားကြီးနဲ့ ဘယ်လောက်စကားများနေရလဲ

C''😂😂နင်ကလည်းဟုတ်တာပဲ အလုပ်မရှိအကိုင်မရှိနဲ့ ထိုင်ဖြုန်းနေတာကိုး

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now