Dr''ဒေါက်တာလီဆာ အပြင်မှာပဲနေခဲ့ပေးပါ

ဆရာဝန်ကအပြင်မှာနေခဲ့ဖို့ပြောတာမို့ တင်းတင်းဆုပ်ကိုင်ထားတဲ့ဂျင်းလက်လေးကို ဖြုတ်ဖို့လုပ်တော့

J''လီလီလိုက်ခဲ့ပေး

L''ခဏလေးပါ ကိုယ်အပြင်မှာစောင့်နေမယ်နော် ကိုယ်ရှိတယ်ဘေဘီလုပ်နိုင်မှာပါ ဟုတ်ပြီလား ကိုယ်စောင့်နေမယ်နော် ​ဘေဘီ့ကိုရော ကိုယ်တို့ရင်သွေးလေးကိုရော

ဂျင်းကခေါင်းကိုအသာငြိမ့်ပြလာသည်မို့ လက်လေးကိုဖြုတ်လိုက်ချိန် ဆရာဝန်များက မွေးခန်းထဲကို ဂျင်းအားခေါ်သွားခဲ့ကြသည် လီလီနောက်ပြန်လှည့်ချိန်မှာပဲ အနားကိုအပြေးတပိုင်းရောက်လာတဲ့ ဂျီဆူး

Ji''လီလီ ဂျင်းရောက်လာတယ်ဆို

L''ဟုတ်တယ်ဂျီဂျီ မွေးရက်မရောက်သေးတာကို ဘာဖြစ်လို့လဲ တစ်ခုခုများ..

စိုးရိမ်နေပုံရသောလီလီ့ကြောင့်

Ji''မဟုတ်တာလီလီရယ် ဂျင်းကိုယ်ဝန်အခြေအနေကောင်းတာ လီလီသိတာပဲ လီလီလည်းဆရာဝန်တစ်ယောက်ပဲလေ စောမွေးတာမျိုးကဖြစ်တတ်တာပဲမလား

ဖြစ်တတ်သည် ဒါပေမယ့်ခုကကိုယ်ချစ်ရသူမလား ဒါကြောင့်စိုးရိမ်မိသည်

L''သိပါတယ် ဒါပေမယ့်စိုးရိမ်တယ်

Ji''မိဘတွေကို အကြောင်းကြားလိုက်အုံးမယ်နော်

လီလီခေါင်းညိမ့်ပြလိုက်တော့ ဂျီဆူးကမိဘတွေဆီဖုန်းဆက်သည် လီလီတတ်သမျှဘုရားစာတွေကို ရွတ်ဆိုနေမိသည် ကလေးရောဂျင်းရောဘာမှမဖြစ်စေဖို့...

Ji''လီလီရယ် စိတ်အေးအေးထားပါ

L''ဂျီဂျီမှမဟုတ်တာ လီလီ့နေရာမှာဂျီဂျီဆိုလည်း ဖြစ်ပါမယ် စကားလာမပြောနဲ့တော့ ဆုတောင်းနေမလို့

အခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး နှုတ်မှတစ်တွတ်တွတ်ရွတ်ဆိုနေသောလီလီ့ကိုကြည်ံ့ပြီး ဂျီဆူးပြုံးမိသည် မကြာခင်မှာပဲ နှစ်ဖက်မိဘတွေရှေ့ဆင့်နောက်ဆင့်ရောက်လာကြပြီး အားလုံးမျှော်လင့်တကြီးစောင့်စားနေခဲ့ကြတော့သည်

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now