ထို့​နေ့​လေးကအဆိုးထဲကအ​ကောင်း​​ပေမို့ဝမ်းနည်း​နေသည့်ကြားကသူ​ပျော်ခဲ့ရ​သေးသည်.....တန်ဖိုးရှိတဲ့​ပျော်ခြင်း​လေး...အရင်က​ပျော်စရာ​တွေများလွန်းလို့​​ပျော်တာကို​ပျော်တာပဲဆိုပြီးသတိလက်လွတ်ထားခဲ့​ပေမယ့်ခုချိန်မှာ​တော့ဒီ​အ​ပျော်​လေးဟာဘာနဲ့မှလဲမရတဲ့အ​​ပျော်​လေး​ပေါ့..............

လခမရခင်အထိ​တော့မိုးလင်းရင်အိမ်ကဟိုရှာသည်ရှာနဲ့ထွက်လာတဲ့အ​ကြွေ​လေး​တွေနဲ့ပဲပြုတ်​လေးဝယ်စား...ညဆိုရင်ဆိုင်ကအကြွင်းအကျန်​လေး​တွေစား...သူ​ဌေးကသ​ဘော​ကောင်းရှာပါသည်...သူ့အ​ကြောင်းသိသွား​တော့ညတိုင်းထမင်းထုပ်​လေးထည့်​​ပေးလိုက်သည်....တစ်​နေ့လုံးအတွက်ထမင်း​လေးတစ်နပ်​​တော့မငတ်ရ​တော့ဘူး​ပေါ့.....

အလုပ်စလုပ်ပြီး၁ပတ်ပြည့်သည့်တိုင်သူဟာပြတ်တလဲ့ငတ်တလဲ့နှင့်​တော့အဆင်​ပြေခဲ့​လေသည်......

"ဒုန်း..ဒုန်း...!"

"​ဝေါ...ကျွီ..ကျွီ...."

မိုးတွင်း၏ထုံးစံအတိုင်းသူအလုပ်ဆင်းထဲကရွာသွန်း​နေ​သောမိုးဟာခုထိတိုင်သဲသဲမဲမဲရွာသွန်း​နေဆဲပင်.....ခုလိုမိုးရွာချိန်ဆိုအိမ်​လေးထဲဝယ်သူသိပ်​ကြောက်သည်....ကံကြမ္မာအရသူဟာလူကြီးတစ်​ယောက်လိုရှင်သန်ကာကိုယ့်ဘဝကိုယ်​ကြောင်းရ​ပေမဲ့သူဟာမိုးရွာရင်သိပ်​ကြောက်တက်​​သော၊အ​မှောင်ကို​ကြောက်တက်​သောမိဘရင်ခွင်ထဲမှထွက်ကာစက​လေးတစ်​ယောက်ရယ်ပါ.....ဘယ်သူဘယ်သူကမှသူ့ကိုသနား​သောအားဖြင့်ငဲ့မကြည့်ခဲ့ကြ...ဒီလိုအချိန်​တွေမှာဒီအိမ်ကက​လေးတစ်​ယောက်တည်းအဆင်မှ​ပြေရဲ့လားနဲနဲ​လေး​တောင်ဂရုမပြုကြ....တကယ်ပဲမကျူးလွန်ခဲ့တဲ့အပြစ်​တွေအတွက်သူတို့မိသားစုရခဲ့တဲ့နာမည်ကလူသတ်သမားမိသားစုတဲ့......

"ဒုန်း...ဒုန်း..."

"ဟင်...!"​တံခါးကိုထု​နေတာ​လေးခါ​မြောက်ပြီ....ပထမက​လေတိုက်လို့လို့ထင်ခဲ့​ပေမယ့်​သေချာပါသည်ဒါဟာတံခါးကိုထု​နေတာ....."ဒုန်း..ဒုန်း...."​ထုသံပိုကျယ်ပြီးပြင်းလာ​လေသူ​ကြောက်လွန်း၍ဒူး​လေးနှစ်ဖက်ကိုပိုက်ထားမိသည်.....တံခါးသွားမဖွင့်ရဲပါ..ဒီတစ်ရပ်ကွက်လုံးကသူ့ကိုဆိုနှင်ထုတ်ချင်​နေတဲ့လူ​တွေကြီးရယ်...သူသာသွားဖွင့်လိုက်လို့ဝိုင်းရိုက်ကြမယ်ဆိုသူမခံနိုင်ပါ...​ကြောက်သည်...သူအရမ်း​ကြောက်ပါသည်.....ထိုညကမိုး​သောက်ကြယ်ဆို​သော​ကောင်​လေးသည်တုန်တုန်ယင်ယင်​လေးနှင့်ပင်အိမ်​ရှေ့ခန်း​ထောင့်​လေး၌ဒူး​လေးပိုက်ကာအိပ်​ပျော်သွား​လေခဲ့သည်....သူ့အားသနားပါတယ်ဆိုပြီး​ထွေး​ပွေ့​ပေးမယ့်သူမရှိခဲ့သလိုငဲ့ကြည့်မည့်သူပင်မရှိပါဘဲနဲ့​ပေါ့............

💙Blur💙(Completed)Where stories live. Discover now