သူ့ကလေးတွေကအိမ်မြှောင်လေးတွေနဲ့တူသလိုတောင်ခံစားရသည်။
'အာ..မတူပါဘူး
ငါ့ကလေးတွေကလူတွေလေ
ဘာလို့အိမ်မြှောင်နဲ့တူရမှာလဲ'"အာ..မောသွားပြီကွာ
နှစ်ယောက်လုံးလိမ္မာလို့ပါးပါးကဆုပေးရမှာပေါ့
မွမွ...မွမွ''"ခ်ခ်''
နှစ်ယောက်လုံးကိုပေါင်တစ်ဖက်စီတွင်တင်ပြီးအာဘွားပေးပစ်လိုက်သည်။သူ့တို့ကသူတို့ကိုချီးကျုးပြီးအာဘွားပေးရင်သိပ်ပျော်ကြတာ။အရင်လိုဂျီမကျကျတော့။
"မြန့်မြန့်ရေ
ကြက်ဥပူတင်းရပြီလား''"ရပြီအစ်ကိုလေး''
"ယူခဲ့ပါဦး''
"ဟုတ်ကဲ့''
"ကားသံကြားတယ်..
မင်းတို့daddyလာပြီလားမသိဘူး
ပါးပါးသွားကြိုလိုက်မယ်
မှောက်မနေကြနဲ့
ငြိမ်ငြိမ်လေးနေကြကြားလား''ကလေးနှစ်ယောက်ကိုဒီအတိုင်းထားပစ်ခဲ့ကာအိမ်ရှေ့ပြေးလာခဲ့သည်။
"ရှပ်ပြာရှပ်ပြာနဲ့ဘာဖြစ်နေတာလဲ''
"မောင့်ကားသံကြားလို့လေ
မောင်ဒီနေ့အလုပ်အစောစီးဆင်းရပါလား''"အင်း..
လုပ်စရာသိပ်မရှိလို့
ကလေးတွေရော''"ရှိတယ်..ပူတင်းကျွေးမလို့လုပ်နေတာ''
သူတို့ကလေးတွေနားရောက်တော့ရှောင်ဟွားကမှောက်ကာယက်ကန်ယက်ကန်ဖြစ်နေပြီးရီဟွားကခြေမကိုပါးစပ်ထဲထည့်မလိုလုပ်နေသည်။(မမှီသေး)
"မင်းတို့တွေ
ငါငြိမ်ငြိမ်နေဖို့ပြောထားတယ်လေ''ရှောင်ကျန့်ရီဟွားပါးစပ်ကိုတစ်ချူးနဲ့သုတ်တော့လျှာထုတ်ကာကန်သည်။
"ငြိမ်ငြိမ်နေ''
"Daddyအမောပြေလေးတွေ''
ရိပေါ်ရှောင်ဟွားကိုကောက်ပွေ့ကာပါးကိုနစ်ဝင်နေအောင်နမ်းလိုက်သည်။ထို့နောက်ရှောင်ကျန့်လက်ထဲကရီဟွားကိုလည်းလှမ်းနမ်းလိုက်သည်။
"မင်းလည်းငါ့ရဲ့အမောပြေဆေးဘဲရှောင်ကျန့်''
ရိပေါ်ရှောင်ကျန့်ပါးအိအိလေးကိုငုံ့မွှေးလိုက်သည်။
KAMU SEDANG MEMBACA
သို့...ချစ်သူ(completed)
Fiksi Penggemar"သို့...ချစ်သူ" သို့...ချစ်သူ ငါတို့မုန်းခဲ့ကြပြီးပြီ ဝေးခဲ့ရဖူးသည်၊လွမ်းခဲ့ကြသည်.. အလွမ်းတွေကိုစာစီပြရရင်.. ငါမင်းကိုသိပ်ချစ်သည်ပေါ့ချစ်သူ... Start date - 26.8.20(Wed) End date - 30.9.20(W...
Part- 19(သူလိုချင်ခဲ့သောမိသားစု)
Mulai dari awal