"ကလေးတွေနေကောင်းလားရိပေါ်''
"ကောင်းတယ်ကော
၆လတောင်ပြည့်ပြီ
အရမ်းချစ်ဖို့ကောင်းနေပြီ''"ကောတစ်နေ့လာခဲ့မယ်''
"လာခဲ့ကော..
ရှောင်ကျန့်ဟင်းချက်လက်ရာတော်တော်ကောင်းတယ်
ဟောက်ရွှမ်းပါခေါ်ပြီးသောက်ကြတာပေါ့''ဟိုက်ခွမ်းကောနဲ့ကသူ့ဆေးကျောင်းတက်ကတည်းသိခဲ့တာဖြစ်သည်။သူတို့companyမှာသူ့အတွင်းရေးမှူးလာလုပ်တယ်ဆိုတာကလည်းသူခခယယအကူညီတောင်းထားရလို့ဖြစ်သည်။
ဟိုက်ခွမ်းကောကalphaတစ်ယောက်။သူဖြစ်ချင်တာကခရီးသွားbloggerတစ်ယောက်ဖြစ်သည်။မိဘတွေကတော့မိသားစုစီးပွားရေးလုပ်ငန်းကိုဆက်ခံစေချင်သော်လည်းဟိုက်ခွမ်းကောကခေါင်းမာသည်။
"မင်းရှောင်ကျန့်ကိုရထားတာကံကောင်းတာဘဲ
တစ်ယောက်ကဆရာဝန်၊နောက်တစ်ယောက်ကနာ့စ်
မင်းကခေါင်းမာတယ်၊ဟိုတစ်ယောက်ကစိတ်ရှည်တယ်
မင်းတို့နှစ်ယောက်ကတကယ်နတ်ဖတ်တဲ့ဖူးစာတွေဘဲ
နှစ်ယောက်လုံးကချောလည်းချောကြတယ်
မင်းအခုထိမချစ်မိသေးဘူးလား''"ကောကိုဘာလို့ပြောရမှာလဲ''
"မင်းဝန်ခံလိုက်စမ်းပါ
မင်းနဲ့ပေါင်းလာတာကြာပြီ
သူ့အကြောင်းပြောနေရင်မင်းမျက်လုံးထဲမှာအချစ်တွေပြည့်လျှံနေတာငါတောင်မြင်ရတယ်
မြန်မြန်ဝန်ခံလိုက်ပါတော့ကွာ
နောက်ကျရင်ဘာမှမကောင်းဘူး
သူမင်းကိုချစ်လာတာ၁၀နှစ်တောင်ရှိပြီဘဲ''"ကျွန်တော်ရုံးဆင်းတော့မယ်
အရေးတကြီးကိစ္စရှိရင်ဖုန်းဆက်လိုက်ကော''"အခုမှအစောကြီးရှိသေးတယ်လေ''
"ကျွန်တော်မရတော့ဘူး
အရမ်းလွမ်းနေပြီ''"ဟား..ဟား
ဝမ်ရိပေါ်
သွားသွား
ချစ်တယ်လို့ပြောဖို့လည်းမမေ့နဲ့ဦး''....................................................................
"လာ..လာ
ပါးပါးဆီလာခဲ့''ကြမ်းပြင်ပေါ်တွင်ကလေးနှစ်ယောက်ကမှောက်လျှက်သူ့ဆီတွားလာကြသည်။ပါးစပ်ကလည်းသွားရည်တွေတမြားမြားကျလျက်။ဟိုနေ့ကဆံပင်ညှပ်ထားလို့ကတုံးဆံပင်ပေါက်ကေနဲ့သိပ်ချစ်ဖို့ကောင်းလှပါသည်။
YOU ARE READING
သို့...ချစ်သူ(completed)
Fanfiction"သို့...ချစ်သူ" သို့...ချစ်သူ ငါတို့မုန်းခဲ့ကြပြီးပြီ ဝေးခဲ့ရဖူးသည်၊လွမ်းခဲ့ကြသည်.. အလွမ်းတွေကိုစာစီပြရရင်.. ငါမင်းကိုသိပ်ချစ်သည်ပေါ့ချစ်သူ... Start date - 26.8.20(Wed) End date - 30.9.20(W...
Part- 19(သူလိုချင်ခဲ့သောမိသားစု)
Start from the beginning