part-18 ( Zawgyi)

Start from the beginning
                                    

မိုးချုပ်နေပြီမို့ အနီးအနားမှာ ရှိသော ဆိုင်တွေက ပိတ်ကုန်သည် ။ ထို့ကြောင့် လမ်းမကြီးဘက်သို့ သွားပြီး city mart ၌ ဝင်ဝယ်လိုက်သည် ။ အပြန်၌ ဆိုင်ကယ်ပါ ဆီဖြည့်လိုက်တာကြောင့် အချိန်က ပိုကြာသွားခဲ့တာ ဖြစ်သည် ။ သူ ပြန်ရောက်လာသော် အချိန်ကြာသွား၍လားမသိ ၊ မိုးသောက်ယံကတော့ အိပ်ပျော်နေလေပြီ ။ ရှိုင်းသည် မိုးသောက်ယံကို နှိုးရန် ခုံရှေ့၌ ထိုင်ချလိုက်သည် ။

အိပ်ပျော်နေသော ကောင်ဆိုးလေးသည် သူ့ဒေါသတွေကို ခဏတော့ မေ့ပျောက်သွားစေသည် ။ မျက်တောင်ထူထူလေးက ကော့ညွတ်နေပြီး နှုတ်ခမ်းလေးက နီရဲရဲလေး ၊ ပါးပြင်လေးက ပန်းသွေးရောင် လွှမ်းနေသည် ။ မိုးသောက်ယံ ချစ်ဖို့ကောင်းသည်ကိုတော့ ရှိုင်း ဝန်ခံရမည် ။ မိုးသောက်ယံ၏ လုပ်ရပ်တွေကို ပြန်တွေးမိတော့ စိတ်ထဲ ဒေါသက အုံကြွလာသည်။ ထို့ကြောင့် သူ လေသံမာမာနှင့် နှိုးလိုက်သည် ။

"ဟေ့ ထတော့ ။ ဟေ့ "

တစ်ခါခေါ်လည်း မကြား ၊ နှစ်ခါခေါ်လည်း မနိုးချေ ။ စိတ်တိုတိုနှင့် မျက်နှာကို လက်ဖြင့် ခပ်ဆတ်ဆတ်ရိုက်လိုက်သည် ။

"ထတော့ ။ စားစရာရှိတာ စားပြီးမှ ပြန်အိပ် ။ ဟေ့ ထလေကွာ "

"အ ! နာတယ် အဟင့် "

ရှိုင်းက မိုးသောက်ယံ၏ မျက်နှာကို လက်ဖဝါးနှင့် ရိုက်လိုက်ချိန် အိပ်နေရင်းမှ မျက်နှာလေး ရှုံ့မဲ့ကာ ထအော်သည် ။ ထို့နောက် သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ငြိမ်သွားသည် ။ ရှိုင်း မျက်မှောင်ကြုတ်သွားရသည် ။ နှိုးလို့ ရမည့်ပုံမပေါ်တာကြောင့် ခါးအောက်သို့ လက်တစ်ဖက် လျိုထည့်ပြီး ပွေ့ချီလိုက်သည် ။ ယောကျာ်းလေးပေမယ့် ပေါ့ပါးသော ခန္ဓာကိုယ်လေးက စွေ့ခနဲ ပါလာသည် ။ အိပ်ပုတ်လေးကတော့ နိုးမလာခဲ့ပေ ။

ရှိုင်းသည် မိုးသောက်ယံကို အခန်းလေးထဲက ကုတင်ပေါ်သို့ အသာချပေးလိုက်သည် ။ ထို့နောက် စောင်ပါးလေး ခြုံပေးလိုက်ပြီး မီးပိတ်၍ အခန်းထဲက ပြန်ထွက်ဖို့ ပြင်သည် ။

"သား တောင်းပန်ပါတယ် ဒယ်ဒီ ။ မာမီ သားကို စိတ်မဆိုးပါနဲ့... အဟင့်...ဟင့် "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now