part-27 (Final)

Depuis le début
                                    

လမင်းက သူ့လက်ကို ဆွဲပြီး စားပွဲဝိုင်းမှာ ထိုင်စေကာ မုန့်မျိုးစုံ နှင့် ရေခဲမုန့် ၊ ဖျော်ရည် ၊ ကော့တေး  အစားအသောက် အစုံအလင်   ချပေးသည် ။

သူ ဝတ်ကျေတန်းကျေ  အနည်းငယ်သာ ယူစားလိုက်ပြီး ခဏကြာ လမင်းကို နှုတ်ဆက်စကား ဆိုလိုက်သည် ။

"ငါ ပြန်တော့မယ် လမင်း "

လမင်းက မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းဆူသွားသည် ။

"နင်ကလေ ။ လာတာဖြင့် တစ်နာရီ​တောင် မကြာသေးဘူး ။ ရှိုင်းကို လွမ်းနေပြီလား ။ ရှိုင်း သတိပြန်ရပြီးရင် နင့်မျက်နှာကို တစ်မိနစ် ပြည့်အောင် မြင်ရပါ့မလားတောင် မသိဘူး "

လမင်းက ခပ်ရွဲ့ရွဲ့ပြောတော့ မိုးသောက်ယံ ရယ်မိသွားသည် ။

လမင်းပြောသလို ဖြစ်လာလျှင် သိပ်ကောင်းမည် ။ ရှိုင်း မြန်မြန် သတိရဖို့ သူ့မှာ နေ့နေ့ညည ဆုတောင်းရတာ အမော ။ ရှိုင်း ပြန်သတိရလာလျှင် သူ ဆုတောင်းခဲ့ရတာတွေအတွက် အကြွေးပြန်ဆပ်ခိုင်းရမည် ။

"ငါ သွားတော့မယ် ။ နင်တို့ချစ်သူနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထာဝရပေါင်းဖက်နိုင်ဖို့ ငါ ဆုတောင်းလိုက်ပါတယ် "

မိုးသောက်ယံက ဆုတောင်းစကားဆိုတော့ လမင်းက အပြုံးလေးနှင့် ခေါင်းညိတ်သည် ။

"ရှိုင်း အမြန်သတိရပြီး နင်တို့နှစ်ယောက် ပေါင်းဖက်နိုင်ဖို့လည်း ငါ ဆု​တောင်းပေးလိုက်ပါတယ် ယံယံ "

ပေးသောဆုနှင့် ပြည့်ဖို့ စိတ်ထဲ၌ ဆုတောင်းရင်း လမင်းနှင့် ကိုနန္ဒကို နှုတ်ဆက်၍ သူ ထွက်လာခဲ့သည် ။

ထိုစဥ် ကောင်းကင်ယံ၌ ကြယ်တစ်ပွင့်က ကြွေဆင်းသွားတာ တွေ့လိုက်ရသည် ။ သူ မျက်ဝန်းတို့ မှိတ်၍ လေးလေးနက်နက် နောက်တစ်ကြိမ် ဆုတောင်းမိသည်  ။

ဖြစ်နိုင်လျှင် ဆုတောင်းတွေ မြန်မြန်ပြည့်စေချင်သည် ။ ရှိုင်း၏ အကြည့် ၊ အပြုံး ၊ စကားသံလေးတွေ သူ သိပ်ကို ကြားချင်နေပြီ ။

ရှိုင်းကို မေးစရာတွေလည်း အများကြီး ရှိသည် ။

"မြန်မြန်သတိရလာပါတော့ ရှိုင်း " သူ တီးတိုးရေရွတ်ရင်း လမ်းဆက်လျှောက်လာခဲ့သည် ။

ချစ်မိသူ  အရှုံး ( Completed) Où les histoires vivent. Découvrez maintenant