-'ရှိန်း....ရှိန်း...ရှိန်းရေ´
ငိုသံ ယဲ့ယဲ့ပါနေသောတစ်ယောက်တစ်ပေါက် ခေါ်သံများကို ကျွန်တော့်နားထဲတွင် အဆက်မပြတ်ကြားနေရ။ကျွန်တော်ဘာဖြစ်နေတာလဲ?ဘယ်သွားနေတာလဲ?
သူတို့ကရောဘာကြောင့်ကျွန်တော့်နာမည်ကိုငိုယိုပြီးတော့ထပ်ခါထပ်ခါခေါ်နေတာလဲ?ကျွန်တော်မသိ။ကုတင်ပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေသော
ကျွန်တော်နှင့် ကျွန်တော့်ကိုတင်ဆောင်ထားသောကုတင်ကိုအလောတကြီး
တွန်းကာ Operation Roomထဲသို့ဦးတည်ခေါ်ဆောင်နေသောအဖြူရောင်ဝတ်ဆုံ
နှင့်သူတို့။သြော်...သူတို့ဆိုမှ သူတို့ထဲမှာ ကျွန်တော့်ရဲ့အချစ်ရဆုံးတစ်ဦးတည်းသောအမ 'မမအိမ့်´လည်းပါနေတာပဲ။ပြုံးပြလိုက်ချင်သော်လည်းမပြုံးပြနိုင်ပါ။ခေါင်းထဲမှ ထိုးကိုက်နာကျင်မှုတချို့က ကျွန်တော့်ကို မလှုပ်နိုင်မထနိုင်မပြုံးနိုင်အောင်အမိန့်ပေးနေသည်။နှာခေါင်းထဲသို့ဝင်လာသော စူးစူးရှရှ အနံ့တစ်ခုကြောင့်
ကျွန်တော်ရောက်နေသောနေရာကိုသိလိုက်သည်။သို့သော်..တခဏအကြာတွင်ကြားနေရသောငိုသံများလည်းကွယ်ပျောက်သွားပြီး မြင်သမျှအရာအားလုံး အမှောင်ကမ္ဘာသို့ကျရောက်သွားသည့်အလား။
-'စစ်ထူး......´
-'ဘာလဲ´
ခပ်မာမာ အသံနှင့်သူပြန်ဖြေသည်။သို့သော်...ကျွန်တော်စိတ်မဆိုးရက်။ရင်ထဲတွင်ခိုအောင်းနေသောအမည်မသိခံစားချက်တစ်ခု။အချစ်။ဟုတ်တယ်။ဒါ'အချစ်´ဘဲ။
ငယ်ငယ်ကတည်းက ကျန်းမာရေးချူချာသောကြောင့် အပြင်မထွက်ရသဖြင့်
သူငယ်ချင်းများများစားစားမရှိခဲ့သောကျွန်တော့်အဖို့တော့ စစ်ထူးသည် ပထမဆုံးသော သူငယ်ချင်းပေါ့။အရွယ်ရောက်၍သူငယ်ချင်းအနည်းငယ်ထပ်ရလာသော်လည်း လူတွေက သူတို့ရဲ့ ပထမဦးဆုံးလူတွေကိုမေ့တတ်ရိုးမှ မရှိတာ။အချစ်မှာ
တောင်အချစ်ဦးကို ဘယ်သူကမှ မယှဉ်နိုင်ခဲ့။သို့သော်...သံယောဇဉ်နှောင်ဖွဲ့ရာမှ
အချစ်ဆိုသည့် ခံစားချက်တခုကို ခံစားမိခဲ့တာ ကျွန်တော့်အပြစ်လား။အရပ်ရှည်ရှည် အသားညိုညို တည်ကြည်သောမျက်နှာပေါက်နှင့် ပြေပြစ်သောခန္ဓာကိုယ်အချိုးအစားရှိသော 'စစ်ထူး´က မိန်းကလေးသာသာအရပ်အမြင့် ပိန်ပိန်ပါးပါး
သေးသေးကွေးကွေးကျွန်တော်နှင့် လိုက်ဖက်လိမ့်မည်ဟု အတ္တကမ္ဘာထဲမှာအမြဲ
တမ်းလိုလိုစိတ်ကူးယဉ်မိသည်။သို့သော်..စစ်ထူးသည် သူ့ဘေးနားတွင်ဝိုင်း
ဝိုင်းလည်နေသော ဖြူဖြူဖွေးဖွေး မိန်းမလှများနှင့် ပိုမိုလိုက်ဖက်ပေလိမ့်မည်။
ထိုမိန်းမလှများကို ဥပေက္ခာပြုကာ 'စစ်ထူး´ကျွန်တော့်ဆီလာမှာမဟုတ်မှန်းကျွန်တော်သိသည်။ပွေတတ်ရှုပ်တတ်သူစစ်ထူးကြောင့် ကျောင်းတက်ကတည်းကပင်
တနေ့တနေ့ သူ့အရှုပ်များလိုက်ရှင်းရသည်မှာ ကျွန်တော့်အလုပ်တစ်ခုပင်ဖြစ်ခဲ့သည်။မိန်းကလေးများကိုအမြဲပြုံးပြ ရယ်ပြသော စစ်ထူးက ကျွန်တော့်ကိုဆို
အပြုံးအရယ်မရှိဆက်ဆံသည်။ဘာကြောင့်လည်းတော့ကျွန်တော်မသိ။သူငယ်
ချင်းဟုသဘောထားတယ်ဆိုရုံဖြင့်ပင် ကျွန်တော်ကျေနပ်ပါသည်။သူဘယ်လောက်ဆိုးဆိုး ဘယ်လောက်ပွေပွေ ဘယ်လောက်ရှုပ်ရှုပ် ကျွန်တော်ရှိန်းသူရိန်ကတော့ဆက်ချစ်နေမိဦးမည်ထင်ပါသည်။
YOU ARE READING
The Edge Of Our Love
RomanceZG အဆုံး.... ကမ္ဘာကြီးရဲ့အဆုံးမှာ ကိုယ်တွေထင်ထားသလို ကြယ်တွေလတွေရောရှိနိုင်ပါ့မလား။ လမ်းတစ်ခုရဲ့အဆုံးမှာတော့လမ်းပိတ်ကြီးပဲရှိနေမှာအသေအချာပါပဲ။ ဒါဆို.....အချစ်တစ်ခုရဲ့ အဆုံးမှာရော....? Uni အဆုံး.... ကမ္ဘာကြီးရဲ့အဆုံးမှာ ကိုယ်တွေထင်ထာ...
