Chapter 7 🖤[Z]

Start from the beginning
                                    

နောက်ဆုံးရိပေါ်ရဲ့စိတ်ကိုဆောင်မမေးကြဘဲ ပေးစားဖို့သာ ရှောင်မားနဲ့ဝမ်မားနှစ်ယောက်သား ခေါင်းချင်းဆိုင်ဆုံးဖြတ်လျုက်သည်။
ရိပေါ်စိတ်တိုတိုနဲ့ ထသွားပြီး အခန်းထဲဝင်လာခဲ့သည်။ တံခါးကိုစောင့်ပိတ်လိုက်တာမို့ စိတ်ဆိုးနေမှန်းလုံးဝသိသာသည်။

ဒေါက် ဒေါက်
"ရိပေါ် တံခါးဖွင့် ... ရိပေါ်ရား တံခါးဖွင့်ပါအုံး"

ရှောင်ကျန့်ရိပေါ်အခန့်ရှေ့မှာရပ်ပြီး အော်ပြောနေမိသည်။အခန်းထဲကနေတော့ ဘာသံမြှပန်မရခဲ့။

ရိပေါ်နဲ့ရှောင်ကျန့်လက်ထက်ခဲ့ကြတယ်။ ရိပေါ်က အရမ်းအရှက်အကြောက်ကြီးတော့ သိုသိုသိပ်သိပ်နဲ့ပဲလက်ထပ်ခဲ့ကြတယ်။ မားတို့ရဲ့ဇာတိနယ်က ဘုရားကျောင်းလေးမှာပဲ လက်ထပ်ခဲ့ကြပြီး နေ့ချင်းပြန်လာခဲ့ကြတယ်။ လက်ထပ်စာချုပ်ပေါ်မှာ လက်မှတ်ထိုးလိုက်ရတာတခုကလွှဲ ဘာမှပြောင်းလဲသွားတာမရှိဘူး။ တအိမ်သားလုံး ရိပေါ်ကို မသိမသာနဲ့တအားဂရုစိုက်ကြတယ်။ ပေါ်တင်ကြီးဂရုစိုက်ပြန်ရင်လည်း ရိပေါ်က လုံးဝကြိုက်မှာမဟုပ်ဘူး။ ရိပေါ်ကြိုက်တတ်တာကြီး ‌ရွေးချက်ထားတာမျိုး တချိန်လုံးရိပေါ်ကိုစောင့်ကြည့်နေတာမျိုးပေါ့။ ကျောင်းကော အိမ်ကော‌ ‌မျက်စိဒေါက်ထောက်ကြည့်ခံနေရတာ။

ရိပေါ်အခုထိ စိတ်ထဲမကောင်းသေးဘူး။ဒီလိုဖစ်ြမလာဖို့ ဘာမဆိုလုပ်ခဲ့ပေမယ့် ဒီလိုဖြစ်လာခဲ့တယ်။ ကျန့်ကောကို အမြဲရှောင်နေမိတယ်။စိတ်ဆိုးနေတုန်းလို့ ထင်နေမှာပေါ့။တကယ်တော့ ကျနော်ကျန့်ကောကိုရင်မဆိုင်ရဲဘူး။ အဲ့နေကကျနော် ဖျက်ချပြစ်လိုက်ဖို့ပဲတွေးနေမိတာ။ ကျန့်ကောကို တကယ်ချစ်တယ်ဆိုပေမယ့် တသက်လုံးကောဘေးမှာနေရရင်ကို ကျေနပ်တယ်။ 'မဖြစ်လို့' ဆိုတဲ့စကားလုံးကြီးနဲ့ ကျနော်ဘဝထဲဝင်လာမှာကိုတအားမုန်းတယ်။ ကျန့်ကောကို အတ္တတွေနဲ့ သိမ်းပိုက်မယ့်အစား ကျန့်ကောပျော်နေတာကိုပဲ ဘေးကနေ ကြည့်နေချင်မိတာ။ ကျနော်ကြောင့် ကျန့်ကော ချစ်တဲ့သူနဲ့ဝေးပြီးခံစားနေရရင် ကျနော်ကိုယ်ကိုကျနော် ခွင့်လှတ်နိုင်မယ်မထင်ဘူး။

တကယ်ကို ကျန့်ကောရဲ့ကလေးကို သတ်ဖို့ကြိုးစားခဲ့တာ ။ တောင်းပန်ပါတယ်။

Russian Roulette(ရပ်နား)Where stories live. Discover now