အပိုင်း - ၄၆ (Zawgyi + Unicode)

Börja om från början
                                    

" ဒီမှာလည်း အခန်းတွေရှိရဲ့သားနဲ့ ဘာလို့သပ်သပ်ခွဲနေမှာလဲ မေ့သားရယ် "

" မေပဲစဉ်းစားကြည့် ၊ မေတို့မျက်စိရှေ့မှာ ဦးသာက အိပ်ခန်းတစ်ခန်းထဲကို ကျနော်နဲ့အတူ ဘယ်လိုလုပ်ဝင်သွားရဲပါ့မလဲ "

" ဟာ ဒီခွေးကောင်လေး "

လေးငယ်က လက်ထဲမှာကိုင်ထားသော ဘောပင်နှင့်ကောက်ပေါက်ကာ ထ,အော်တော့သည် ။

ကဲ...ကြည့် ။ ဖြစ်လာမည့်အရာအား အမှန်အတိုင်းသုံးသပ်ပြတာကို ထ,အော်နေ၏ ။ လူပျိုကြီးတွေများ လက်တွေ့ကျကျသဘာဝကို ပြောတော့လည်း လက်မခံချင်ပြန်ဘူး ။ အဲ့ဒါတွေခက်တာ ။

မေက ခဏစဉ်းစားသွားပြီး

" အင်း ဒါလည်းဟုတ်တာပဲ လူလူ ၊ ထူးလေးက မမတို့ကို မျက်နှာပူပြီး အားနာနေလိမ့်မယ်ထင်တယ် ၊ ကွန်ဒိုမှာပဲ နှစ်ယောက်တည်းသွားနေခိုင်းလိုက်တာက ထူးလေးအတွက်ပိုပြီး စိတ်သက်တောင့်သက်သာဖြစ်စေလိမ့်မယ် "

" အင်းလေ ၊ အဲ့ဒါကြောင့် ချမ်းက ကွန်ဒိုမှာပဲ သွားနေမယ်ပြောတဲ့ဟာကို "

" ဟုတ်ပြီ ဟုတ်ပြီ ၊ ဒီကိစ္စ မေလက်ခံတယ် ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ် ချမ်း "

" ဟုတ် ပြောပါ မေ "

" မေတို့ကွယ်ရာမှာဆိုပြီး မင်းဦးသာကို ဂျီကျတာတို့ ၊ ကိုယ့်တာဝန်ကိုယ်မယူတာတို့တော့ မလုပ်ရဘူးနော် ၊ မင်းလည်း လူကြီးစိတ်မွေးပြီး ဦးသာနဲ့အတူတူ အလုပ်တာဝန် အိမ်တာဝန်တွေကို ခွဲဝေယူရမယ် ကြားလား "

" ဟုတ်ကဲ့ပါ မေ ၊ ချမ်း လိမ္မာပါ့မယ် "

" သပ်သပ်ခွဲနေတာပဲဆိုပြီး မျက်နှာလွှဲနေမှာမဟုတ်ဘူးနော် ၊ မေက တကယ်စောင့်ကြည့်နေမှာ ၊ ပုံမကျလို့ကတော့ ထူးလေးကို အိမ်ပြန်ခေါ်ပြီး မင်းကိုပဲ ကွန်ဒိုမှာ တစ်ယောက်တည်းနေခိုင်းပစ်မယ် "

မေ့ရဲ့ သူ့မောင်အပေါ် စိတ်ပူပြီး နည်းနည်းမှအထိမခံနိုင်ဘဲ စိတ်မချဖြစ်နေပုံအား ချမ်း ရယ်ချင်ကာ ချစ်စနိုးဖြစ်ရသည် ။ မေဟာ ချမ်းရဲ့စိတ်ကို အလုံးစုံ မယုံကြည်နိုင်သေးဘူးပဲ ။ အင်းပေါ့လေ ။ မေ့အပြစ်တော့မဟုတ်ပါဘူး ။ ချမ်းဆိုတဲ့ သူကလည်း ဘယ်အရာကိုမှ ဘယ်တုန်းကမှ အလေးအနက်ရှိဖူးတဲ့သူမှမဟုတ်တာ ။ မေမှမဟုတ် ။ ဦးသာကိုယ်တိုင်တောင် ချမ်းရဲ့စိတ်ကို အပြည့်အဝယုံကြည်ချင်မှ ယုံကြည်ပေလိမ့်မည် ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Där berättelser lever. Upptäck nu