Zawgyi#
ရှောင်းတိုင်းပြည်တွင်ဆင်းရဲချို့တဲ့သော ရွာငယ်လေးအများအပြားရှိသည်။ ရှောင်းတိုင်းပြည်ရဲ့ သခင် ရှောင်းဘုရင်ကြီးဟာ အလွန်ပင် စိတ်သဘောထားကောင်းပီး အလှူအတန်းရက်ရောသည်။ဆင်းရဲသော ရွာငယ်လေးများဆီသို့ နန်းတွင်းအမတ်များစေလွတ်ပီး စားနပ်ရိက္ခာဖူလုံစေရန် သွားရောက်လှူဒါန်းစေသည်။ လျူဒါန်းတာထက် ဒါဟာ သူ့တာဝန်တစ်ရပ်ပေဖြစ်သည်။ သို့သော် ရှောင်းဘုရင်ကြီးမသိတာက နန်းတွင်းထဲ အမတ်များက လာဘ်စားသည်ကိုပင်။
အမတ်များကလာဘ်စားတော့ လှူဖွယ်ပ္စည်းတွေက ရွာဆီမရောက်ပဲ ထိုအမတ်များလက်ထဲတွင်သာ ရောင်းချခြင်းခံရတယ်
ရှောင်းဘုရင်ကြီးတွင် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော သားတော်တစ်ပါးရှိသည် သူ့အမည်နာမက တော့ရှောင် ရှောင်းကျန့် ရုပ်ရည်တွင်လည်း အပြစ်ပြောစရာမရှိ ချောမောခန့်ညားလွန်းသည် ယောကျာ်းကောင်းတို့ရဲ့ အင်္ဂါရပ်တို့ရဲ့ပြည့်စုံပီး ဥာဏ်ပညာထက်မြက်၍ အိမ်နီးချင်းတိုင်းပြည်များမှ မင်းသမီးများ က အိမ်ရှေ့စံလေးကို လိုချင်ကြသည်
အခုအိမ်ရှေ့စံနေရာတွင်တာဝန်ထမ်းဆောင်နေသည်။ သူ့အသက်တော်က ၂၈နှစ်ရှိပီး သူ့မှာ စုန့်ကျိရန်ဟူသောကိုယ်ရံတော်တစ်ယောက်လည်းရှိသည်
#################################
ဆင်းရဲသောရွာတစ်ရွာရှိ အိမ်တစ်အိမ်တွင် စားကောင်းသောက်ဖွယ်များကို အားရပါးရ စားသုံးနေကြသော ညီအစ်ကိုသုံးယောက်ရှိသည်။ရွာကဆင်းရဲသလောက် ထို့အိမ်ကတော့ မဆင်းရဲပေ။ အကြောင်းမှာ ရှောင်းတိုင်းပြည်တစ်ခွင်မှာ နာမည်ကြီးနေတဲ့ ဓားပြဝမ်ညီအစ်ကိုသုံးယောက်နေအိမ်ဖြစ်ခြင်းပင်။
ညီအစ်ကိုသုံးယောက်အနက် အကြီးဆုံးဖြစ်သော
ဝမ်ကျိုးချန် အသက်က ၂၈ ကျွမ်းကျင်တဲ့ပညာရပ်ကတော့ ဓားရေး အလွန်ကျွမ်းကျင်သည် ရုပ်ရည်ကတော့ မျက်နှာတည်တည်နှင့် ကြည့်ကောင်းသည်
အလတ်ကတော့ ဝမ်ဟောက်ရွမ်း အသက်က၂၅
ကျွမ်းကျင်တဲ့ပညာရပ်ကတော့ လျှပ်စီးလို လျှင်မြန်ဖျတ်လတ်တယ် ရုပ်ရည်ကတော့ မျက်ခုံးထူထူနက်နက်နဲ့ စွဲဆောင်မှုရှိသည်
