အရမ်းတွေမွန်းကျပ်လွန်းလို့သေတော့မလိုဘဲ။ထိုင်နေတဲ့ လှေကာထစ်ပေါ်ကနေဆင်းလိုက်ပြီး ရှေ့ကကွင်းထဲမှာပတ်ပေးနေမိတယ်။ ရှေ့က လမ်းကြောင်ကိုပဲ စိုက်ကြည့်ပြီး အရှိန်ပြင်းပြင်းနဲ့ ပြေးနေမိသည်။ပတ်ဝန်းကျင်ကော သူရဲ့ဖြစ်တည်မှုကိုပါ မော့လျော့နေရလောက်အောင် အတွေးတွေထဲမှာပိတ်မိနေတယ်။
"ဟိုတနေ့က ဆေးခန်းသွားတယ်ဆို ဘယ်နားနေမကောင်းလို့တုန်း"
ချိသာလွန်းတဲ့ အသံတသံကြောင့်ပြေးနေတဲ့လူကတုန့်ကနဲရပ်သွားသည်။လှည့်မကြည့်ဘဲ အဲ့နေရာကနေထွက်သွားဖို့ပြင်လိုက်သည်။
"ရိပေါ် ငါ့ကိုရှောင်နေမြှဖစ်မှာလား"
ရိပေါ်ချက်ချင်းနောက်ပြန်လှည့်လိုက်ပြီး ရှောင်ကျန့်နဲ့ မျက်နှာခြင်းဆိုင်လိုက်သည်။
"ကျန်းချန်ကပြောတယ် ဟိုနေ့က ဆေးခန်သွားတယ်ဆို တော်တော်အခြေမကောင်းတဲ့ပုံပဲတဲ့ အခုတော့ပြေးတောင်နေသားပဲ
ဒါနဲ့ ငါကတအိမ်ထဲနေပြီး ဘာလို့မသိရတာလဲ နေမကောင်းရင်လဲပြောမှပေါ့""ကျန့်ကော ခင်များကဘယ်တုန်းကစကားများတတ်သွားတာတုန်း ပြောလိုပြီးပြီလားကျနော်သွားတော့မယ်"
ရိပေါ်ထွက်သွားဖို့လှည့်လိုက်ပေမယ့် လက်တစုံက ဆွဲယူခြင်းခံလိုက်ရတယ်။
"ရိပေါ် မင်းအခုဘာလုပ်နေတာတုန်း"
ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ဟောက်ရွှမ်းက စောင့်ဆွဲပြီးအော်လိုက်တော့ ရှောင်ကျန့်တယောက် ရိပေါ်ကိုတားဖို့လုပ်နေတဲ့ လက်တွေလေထဲမှာပဲ ရပ်တန့်သွားသည်။
"ဘယ်လောက်တောင်ကြာနေပြီလဲ ပတ်ပြေနေတာ အဲ့နေ့မင်းအဲ့စကား ပြောကတည်းက ငါလွှတိမထား သင့်တာ"
ဟုပ်သာဘဲ ငါဘာလို့ ခုံပေါက်ပြီးပတ်ပြေနေမိတာလဲ။ငါက အရင်လို ပေါ့ပေါ့ပါးပါးကောင်လေးတယောက်မှမဟုတ်တာ။အထဲ အထဲကတခုခုတော့မဖြစ်လောက်ပါဘူးနော်။
ဟောက်ရွှမ်းအော်လိုက်မှ အသိဝင်လာပြီး စိုးရိမ်မူတြွေပည့်နေတဲ့ ရိပေါ်မျက်နှာကိုကြည့်ပြီး ဟောက်ရွှမ်းတောက်တချက်ခေါက်လိုက်သည်။
"တောက်!!ရှောင်ကျန့် ခင်များကလည်းမြင်နေတာကိုမတားဘူးလား"
"ငါ...ငါ......."
အဖြေကိုပင်မစောင့်ဘဲ ရိပေါ်ကိုဆွဲခေါ်ကာထွက်သွားသည်။ရှောင်ကျနိ့ တယောက်သာအဲ့နေရာမှာကြောင်တောင်တောင်သာ ကျန်ခဲ့တော့သည်။
"ဟူး...အခုထိနေမကောင်းသေးဘူးထင်တယ်"
........
"ဘာလုပ်နေတာတုန်း"လှေကားထပ်ကနေရပ်ပြီး လှေကားတွေကိုရပ်ကြည့်နေပြီး အတွေးများနေတဲ့ရိပေါ်တယောက် နောက်ကအသံကြောင့် လူတကိုယ်လုံးတုန်တက်သွားသည်။
"ဘာလဲဟ ဘာမဟုပ်တာတွေကြံစဉ်နေလို့လန့်သွားရတာတုန်း"
"မရယ်ရဘူး သိလား သွားစရာရှိတာသာသွားပါ "ပြောပြီး ဟိုဘက်ကိုသာလှည့်နေလိုက်သည်။
"ခုန်ချမလို့လား ခုန်ချလဲအနဲဆုံးဒူးပွန်းရုံပေါ့ ငါးဆင့်လောက်ပဲကို"
စကားတွေကို ထပ်နားထောင်ချင်စိတ်မရှိတာကြောင့် ဆင်းဖို့ခြေထောက်ကိုလှမ်းလိုက်သည်။ မထင်မှတ်ထားတာက လက်တစုံကတွန်းလိုက်လိမ့်မယ်လို့။ အရှိန်ပြင်းပြင်းနဲ့ လှေကားကနေကျသွားသည်။ လှေကားဆစ်ငါးဆင့်လုံး ကျသွားတဲ့ ဒဏ်က အဲ့လောက်မနာ ပေမယ့် တနေရာရာကတော့ တခုခုဖြစ်နေပြီ။ နောဆုံးမြေပြင်ပေါ်မှာ ရပ်သွားသည်။
သေလောက်အောင်နာကျင်တဲ့ ခံစားချက်က ချက်ချင်းစူးတက်လာသည်။ ရှေ့ကတဖြည်းဖြည်းဆင်းလာတဲ့ ခြေထောက်တစုံက ရိပေါ်ရှေ့ကိုရောက်လာခဲ့သည်။
"ထစမ်းပါ ဒီလောက်လေးနဲ့ မင်းမဟုတ်တဲ့အတိုင်း မင်းတုန်းက ငါ့ကိုတွန်းချတုံးကဆို အထစ်နှစ်ဆယ်လောက်ရှိတယ်နော် အဲ့တုန်းကလက်ကျီုးနေတာတောင် ငါဘာသူကထသွားတာ"
ရိပေါ်ရဲ့ဒူးကို ခြေထောက်နဲ့ထိပြီး ပြောနေတဲ့ကျန့်ကောကောင့် နာကျင်မှုက နှစ်ဆတိုးလာသည်။ နဲနဲတောင်ဂရုမစိုက်ဘဲ ကျောက်ပြီးထွက်သွားတဲ့ ကျန့်ကောကိုကြည့်ပြီး အကူအညီတောင်းနေမိသည်။
"ကျန့်ကော....ကော..ကျနော်ကိုကယ်ပါ"
ကြားမှကြားရဲ့လားတောင်မသိဘူး ပတ်ဝန်းကျင်တခုလုံးက လုံးဝအမှောင်ကျသွားသည်။
4050words
7.9.2020
![](https://img.wattpad.com/cover/237696694-288-k994558.jpg)
YOU ARE READING
Russian Roulette(ရပ္နား)
Fanfiction🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤 starting date 21.8.2020
Chapter 5 🖤[U]
Start from the beginning