​ဒေါ်ခတ္တာဆို​သော အမျိုးသမီးမှာ အသက်​​လေးဆယ်​​ကျော်​​ပေမယ့် နုပျိုပြီး ကျက်​သ​ရေရှိသည်​။ ဝတ်​စားပုံအရ စီးပွား​ရေး အဆင်​​ပြေသည့်အ​ခြေအ​နေတွင်​ရှိသည်​ဟု ​သူတို့ အကဲခတ်​မိသည်​။

"ဒါ ကျွန်​​တော့် အ​မေ ​ဒေါ်ခတ္တာပါ "

ရှိုင်းက အားလုံးကို ကြည့်၍ သူ့အမေနှင့် မိတ်ဆက်ပေးသည် ။ ရှိုင်း၏ အမေက အပြုံးချိုချိုလေးနှင့် စတင် မိတ်ဆက်သည် ။

" ​တွေ့ရတာ ဝမ်းသာပါတယ် ။ ကျွန်​မ သား​လေးကို ​ကောင်းကောင်းမွန်မွန်ကြီးပြင်းလာအောင် ​စောင့်ရှောက်​​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ရှင် "

" ရပါတယ်​ ။ ရှိုင်းက ကျွန်​မတို့ရဲ့ သားအရင်းလိုပါပဲ ​ဒေါ်ခတ္တာ "

ဒေါ်ခင်နွယ်က အပြုံးလေးနှင့် ဆိုသည် ။

" ဟုတ်​ကဲ့ပါရှင်​ ။ တကယ်​လို့ အဆင်​​ပြေမယ်​ဆိုရင်​ ကျွန်​မသားကို ပြန်​​ခေါ်ချင်​ပါတယ်​။ ရှင်​တို့ အခုလို ​စောင့်ရှောက်​ခဲ့တာအတွက်​လည်း ​ကျေးဇူးပြန်​ဆပ်​ပါရ​စေ ။ တစ်​ခုခုလိုအပ်​တာရှိရင်​ ကျွန်​မကို ​ပြောပါရှင်​ "

" မဟုတ်​တာပဲ ​ဒေါ်ခတ္တာရယ်​။ ကျွန်​မတို့က ရှိုင်းကို ကိုယ့်သားအရင်းလိုပဲ သ​ဘောထားခဲ့တာပါ ။ အဲ့ဒီအတွက်​လည်း တစ်​ခုခု ပြန်​ရပါစေဆိုတဲ့ စိတ်​လည်း မရှိခဲ့ပါဘူး "

" ​နောင်တစ်ချိန် အကူအညီလိုတဲ့အခါ ခင်ဗျားကို ပြောပါ့မယ် ဒေါ်ခတ္တာ "

ဒေါ်ခင်နွယ်က ငြင်းဆန်ပေမယ့် ဦးမိုးမြင့်က မတင်မကျ ပြောသည် ။ ဒေါ်ခတ္တာသည် ထိုလင်မယားနှစ်ယောက်ကို ကြည့်ပြီး တွေးရခက်သွားသည် ။ သို့သော် ပြုံး၍ ခေါင်းညိတ်လိုက်သည် ။

"ဟုတ်ကဲ့ ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် အကူအညီလိုရင် ​ပြောပါရှင် ။ ကျွန်မ ကူညီဖို့အသင့်ပါပဲ ။ နောက်ပြီး ကျွန်မရဲ့ သားကို စေ့စပ်ပွဲပြီးရင် ကျွန်မ အိမ်ကို အပြီးခေါ်သွားပါရစေ ။ အဲ့ဒါ.... "

ဒေါ်ခတ္တာက စကားဆက်မပြောဘဲ အရိပ်အခြည်ကြည့်သည် ။ ဦးမိုးမြင့်က ခေါင်းညိတ်၍ ဆိုသည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now