" မဟုတ်​ပါဘူး ဖေ​ဖေရယ်​ ။ မဒီ လက်​ထပ်​ဖို့ ​ပြော​နေတာလည်း မဟုတ်​ဘူး ။ ရှိုင်းနဲ့ ​ဖေ​ဖေတို့ကို ရင်​နှီး​စေချင်​ရုံပါ ။ ဘာလို့ ​ဖေ​ဖေ​ရော ၊ ​မေ​မေ​ရော ခါးခါးသီးသီးဖြစ်​​နေရတာလဲ "

မဒီက မျက်​ရည်​​တွေဝဲပြီး ​ပြောသည်​။

" အဲ့​ဒီကောင်​​လေး​တော့ အဆင်​မ​ပြေဘူး သမီးရယ် "

" ​တော်​ပါ​တော့ မေမေ ။ မဒီ့ကို ဘာမှမ​ပြောပါနဲ့​တော့ "

မဒီက ဒေါ်ခတ္တာ့ကို တားမြစ်ပြီး သူ့အဖေကို ကြည့်၍ ပြောသည် ။

​"မေ​မေ​ဆုံးပြီး တစ်​နှစ်​​တောင်​မကြာဘူး ။ ဖေဖေက ဒေါ်ခတ္တာနဲ့ လက်​ထပ်​ခဲ့တယ်​ ။ ဒါ​ပေမဲ့ မဒီ ​ဖေ​ဖေ့ကို အပြစ်​မတင်​ခဲ့ဘူး ။ ဒေါ်ခတ္တာကို မဒီ့ အ​မေရင်းလိုပဲ လက်​ခံ​ပေးခဲ့တယ်​ ။ ဒါ​ပေမဲ့ ဒီ​နေ့ မဒီ သိလိုက်​ရတာက မိ​ထွေးက မိ​ထွေးပဲ ။ မဒီ ချစ်​တဲ့သူနဲ့ လက်​ထပ်​မှာကို မကြည်​ဖြူဘူး ။ ဖေ​ဖေ့ကိုလည်း သ​ဘောမတူ​အောင်​ စည်းရုံးထားတယ်​​ပေါ့​လေ "

" ​ ပါးစပ်​ပိတ်​ထားစမ်း မေမဒီ ။ ကိုယ့် အ​မေကို ဘယ်​လို​ပြောလိုက်​တာလဲ ။ သမီး ငယ်​ငယ်​တည်းက ဒီအရွယ်​​ရောက်​တဲ့ထိ ​သမီးအရင်းလို ဂရုစိုက်​ခဲ့တာကို ​စော်​ကားရလား "

ဦးမင်းထင်က မဒီ့ကို ဒေါသတကြီး အော်ငေါက်တော့သည် ။

"​တော်​ပါ​တော့ ဖေဖေ ။ မဒီ မနက်​ဖြန်​ ရန်​ကုန်​ပြန်​မယ်​ "

မဒီ ထွက်​သွား​တော့ ​ဒေါ်ခတ္တာ၏ မျက်​ရည်​တွေ ပါးပြင်ထက်သို့ စီးကျလာသည်​။

" ကိုယ်​ ​တောင်းပန်​ပါတယ်​ကွာ ။ သမီးကို အပြစ်​မမြင်​ပါနဲ့ "

" မဒီက ခတ္တာရဲ့ သမီး​လေးပဲ ။ အပြစ်​မြင်​စရာလား "

" ​ကျေးဇူးတင်​ပါတယ်​ ခတ္တာရယ် "

" ရပါတယ်​ အစ်ကို ။ ခတ္တာ သမီးကို သွား​ချော့လိုက်​ဦးမယ်​"

" အင်း "

×××××××××××××××

​ဒေါက်​ ​ဒေါက်​ ​ဒေါက်​ ။

"မဒီ တံခါးဖွင့်ပါဦးကွယ် ။ မေ​မေနဲ့ စကား​ပြောရ​အောင်​ "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now