​ရေချိုးနေရင်း မှန်​ထဲသို့ အကြည့်အရောက် အိပ်မက်ထဲမှ အနမ်းတို့ကို ပြန်မြင်ယောင်လာသည် ။ ရှိုင်း ခေါင်းခါ၍ ရေချိုးခြင်းကို မြန်မြန် အဆုံးသတ်လိုက်သည် ။

ရှိုင်း အဝတ်​အစားလဲပြီး ​အောက်​ထပ်​ဆင်းလာ​ချိန် ဒေါ်ခင်နွယ် နှင့် မိုးသောက်ယံတို့ ထမင်းစားသောက်နေကြသည် ။ နာရီကို ယခု​မှ သတိထားကြည့်မိသည် ။ နေ့လယ်ပင် ရောက်နေပြီ ။

"ဟင်​ ၊ သား ။ ဘယ်​တုန်းက​ရောက်​​နေတာလဲ "

"ကျွန်​​တော်​ ညက ပြန်​​ရောက်​တာ"

ရှိုင်း ပြောရင်း စားပွဲမှာ ဝင်ထိုင်လိုက်သည် ။

"ဪ ၊ ယံယံ ရှိုင်းကို ခြံတံခါးဖွင့်ပေးတာထင်တယ် ။ ရှိုင်း ပြန်ရောက်နေတာ ဘာလို့ မပြောရတာလဲ "

မိုးသောက်ယံ ဟင်းခပ်​ဖို့ လှမ်းနေသည့် လက်တစ်ဖက်က လေထဲ၌ ရပ်​တန့်သွားသည် ။ ရှိုင်းနှင့် အကြည့်ချင်းဆုံ​သွားတော့ ရင်မဆိုင်ရဲစွာ မျက်​လွှာချလိုက်​သည်​။

"ဟုတ်​တယ်​ မာမီ ။ သား ပြောဖို့ မေ့နေတာ "

သူ့စကားအဆုံး ရှိုင်းက အံ့သြသွားသည့် အမူအရာဖြစ်​သွားတာ​ကြောင့် ညက ကိစ္စ မမှတ်​မိမှန်းသိလိုက်သည်​။ ရှိုင်း၏ အကြည့်တွေကို ​ရှောင်ရှားရင်း ထမင်းတစ်ပန်းကန် ဘယ်လိုကုန်လို့ ကုန်သွားမှန်းပင် မိုးသောက်ယံ သတိမထားမိပေ ။ ခဏအကြာ မိုးသောက်ယံသည် အစာမကြေဖြစ်ပြီး ဆေးသောက်ရတော့သည် ။

⚡⚡⚡⚡⚡⚡⚡⚡

​" ​မဒီ မနက်​ဖြန်​ ရန်​ကုန်​ပြန်​​တော့မယ်​"

ဖေဖေနှင့် မေမေ့ကို ကြည့်ပြီး မဒီ ပြောလိုက်သည် ။

"​ဟေ ၊ သမီး ပြန်​​ရောက်​တာ တစ်​ပတ်​​တောင်​ မပြည့်သေးဘူး ။ ဘာလို့ ပြန်​မှာလဲ "

" ​မဒီ့ ချစ်​သူကို သတိရလို့​ပေါ့ ဖေဖေရဲ့ "

​ဒေါ်ခတ္တာ​သည် မဒီ့စကား​ကြောင့် စိတ်​ညစ်​ညူးသွားရသည်​။ ​

" သမီးကို ​ဖေ​ဖေ ရန်​ကုန်​မှာ ​ကျောင်းတက်​ခွင့်ပြုလိုက်​တာ ရည်းစားထားဖို့ မဟုတ်​ဘူး​နော်​ ။ အခု​တော့ သမီးက ရည်းစားကို အိမ်​​ခေါ်လာရုံ​တင် မကဘူး ။ မိဘ​တွေထက်​​တောင်​ ပိုတွယ်​တာ​နေ​သေးတယ်​ "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now