အားမရှိသည့် ပုံစံနှင့် ထွက်​သွားသည့် မိုးသောက်ယံကိုကြည့်ပြီး ​ဒေါ်ခင်နွယ် စိုးရိမ်​စိတ်​ဝင်​မိသည်​။

"မျက်​နှာလည်း မ​ကောင်းဘူး ။ ယံယံ တစ်​​​ယောက်​ ဘာများဖြစ်​လာတာလဲ "

⚡⚡⚡⚡⚡⚡⚡⚡⚡

ဒေါ်ခင်နွယ် တွေးနေစဥ်မှာပဲ ရှိုင်း၏ ဆိုင်ကယ်က ခြံထဲသို့ မောင်းဝင်လာသည် ။

"​ဟော ၊ ရှိုင်း ရောက်​လာပြီပဲ "

"ဟုတ်​ကဲ့ အန်​တီ ။ ယံယံရော "

" ယံယံ ​ခေါင်းကိုက်နေတယ်​ဆိုပြီး တရေးသွားအိပ်တယ် ။ မင်းတို့ နှစ်​​ယောက်​ ရန်​ဖြစ်​လာကြတာလား "

"မဟုတ်​ပါဘူး အန်တီ ။ သူ ကျွန်​​တော့်ကို မ​ပြောဘဲ အိမ်​ပြန်​သွားတာ ။ ​နေမ​ကောင်းလို့ထင်​တယ်​ "

" အင်း ဟုတ်​မယ်​ သား ။ သူ မျက်​နှာလည်း မ​ကောင်းဘူး ။ ခဏနားလို့မှ မသက်​သာရင်​ ​ဆေး​တွေဘာ​တွေ တိုက်​မှပဲ "

"ဟုတ်​ကဲ့ အန်​တီ ။ ကျွန်​​တော်​ ​ရေချိုးလိုက်​ဦးမယ်​ "

"​အေး..​အေး....သား "

ရှိုင်းသည် အခန်းထဲ မဝင်​​သေးဘဲ မိုးသောက်ယံ၏ အခန်းရှေ့မှာ ရပ်​လိုက်​ပြီး တံခါး​ခေါက်​ရန် ​တွေ​ဝေ​နေသည်​။ ခဏကြာ တုံ့ဆိုင်းနေပြီးမှ တံခါး​ခေါက်​လိုက်​သည်​။

​ဒေါက်​...​ဒေါက်​...​ဒေါက်​ ။

"​သား ခဏနားမလို့ပါဆို ၊ မာမီကလည်း ဗျာ "

မိုးသောက်ယံ၏ စိတ်​မရှည်သည့် ​လေသံကြားလိုက်​ရသည်​။

"ယံယံ "

"ရှိုင်း "

သူ့နာမည် ခေါ်သံကြားပြီး စက္ကန့်အနည်းငယ်အကြာ မိုးသောက်ယံက တံခါးလာဖွင့်ပေးသည်​။ ရှိုင်းသည် အခန်းထဲ ဝင်​လိုက်​​တော့ မိုးသောက်ယံက သူ့ကုတင်ပေါ်သို့ တက်ထိုင်သည် ။

"ဘာကိစ္စလဲ "

"​နေမ​ကောင်းဘူးလား "

ရှိုင်းက မိုးသောက်ယံ၏ ဘေးမှာ ဝင်ထိုင်ပြီး နဖူးကို လက်​နှင့် စမ်းဖို့ပြင်​​တော့ ခေါင်းကို ​စောင်းပြီး ​ရှောင်​ဖယ်သည်​။ ရှိုင်း၏ လက်​တို့ တွန့်သွားပြီး ရုပ်​သိမ်းလိုက်​သည်​။ မိုးသောက်ယံက ပြန်​မ​ဖြေဘဲ ငြိမ်​​နေတာ​ကြောင့် ရှိုင်း မေးလိုက်​သည်​။

ချစ်မိသူ  အရှုံး ( Completed) Место, где живут истории. Откройте их для себя