လမင်း၏ မျက်​နှာပျက်​သွားပြီး မိုးသောက်ယံကို မကျေမနပ် စိုက်​ကြည့်သည်​။

" မင်း မလိုက်​တာ ပို​ကောင်းမယ်​ "

"ဘာလို့လဲ "

လမင်းက ​လျှို့ဝှက်​စွာပြုံးလိုက်​သည် ။

"မိုးသောက်ယံ လိုက်​ချင်​ရင်​ ​ခေါ်လိုက်​ပါ ။ ရှိုင်း ၊ လမင်းတို့ကား​နောက်​က အမီ လိုက်​ခဲ့​နော်​ "

"အင်း လမင်း"

မိုးသောက်ယံသည် ရှိုင်းနှင့်အတူ လမင်းတို့အိမ်​သို့ ဒုတိယအကြိမ် လိုက်​လာခဲ့သည်​ ။ မဒီ့အခန်းသို့ လမင်းက ဦးဆောင်၍ ခေါ်လာသည် ။ မဒီက ကုတင်​​ပေါ်မှာ အားမရှိသလို လဲလျောင်းနေ​လေသည်​ ။ မိုးသောက်ယံက မဒီ့ကို အကဲခတ်​ရင်း နေမကောင်းသည်ဆိုတာကို မယုံနိုင်ဖြစ်မိသည် ။

"မဒီ နေမ​ကောင်းဘူးဆို ။ သက်​သာရဲ့လား "

"အင်း ၊ သက်​သာပါတယ်​ ။ ရှိုင်း အခုလို မဒီ့ကို တကူးတက သတင်းလာမေးပေးတာ ကျေးဇူးပါ "

မဒီက လေသံဖျော့ဖျော့နှင့် ပြောလာတော့ ရှိုင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည် ။

"ရပါတယ်ဗျာ "

မိုးသောက်ယံသည် ရှိုင်းနှင့် မဒီ့ကို ကြည့်ရင်း စိတ်ထဲ၌ အလိုမကျ ဖြစ်ရသည် ။

"လမင်း ၊ ရှိုင်း နဲ့ မိုးသောက်ယံအတွက် စားဖို့တစ်​ခုခု စီစဉ်​​ပေးပါလား "

"အင်း... "

"ရပါတယ်​ လမင်း ။ ကျွန်​​တော်​တို့ ခဏ​နေပြန်​မှာပဲ ၊ မစား​တော့ပါဘူး "

"အဲ့ဒီလို​တော့ မလုပ်​ပါနဲ့ ရှိုင်းရယ်​ ။ အ​အေးဖြစ်​ဖြစ်​​သောက်​ပါ​နော်​ "

"အင်း ဟုတ်​ကဲ့ပါ မဒီ "

"မိုးသောက်ယံ ၊ လမင်းနဲ့ ခဏ အ​ဖော်​လိုက်​ခဲ့​ပေးပါလား "

"ဘာလို့လိုက်​ရမှာလဲ "

မိုးသောက်ယံက ခပ်ဆတ်ဆတ် လေသံနှင့် လမင်းကို ဖြေသည်။ ထိုအခါ လမင်း၏ မျက်နှာ ကွက်ခနဲ ပျက်သွားသည် ။

" အိမ်မှာ ဘယ်သူမှ မရှိဘူးလေ ။ လမင်း တစ်​​ယောက်​တည်း အောက်ထပ်ကို မသွားရဲလို့ပါ..နော်​ ။ လိုက်​ခဲ့ပါ "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now