"အို..."

မဒီသည် နှုတ်​ခမ်းတို့ ပွင့်သွားသည်​ထိ အံ့သြသွားသည် ။ ရှိုင်းသည် မိုးသောက်ယံကို သတိပြန်​ရ​စေရန် ကူညီသည်ဆို​သော်လည်း သည်အ​နေအထားကို မဒီ လက်​မခံနိုင်​​လောက်​​အောင်​ ​ဖြစ်နေရသည် ။ မဒီ မျက်​နှာလွှဲပြီး တစ်​ဖက်​အလှည့် သစ်​ပင်​အကွယ်​မှာ ပုန်းနေသူနှင့် မျက်​လုံးချင်း ဆုံမိသွားသည်​။ ထို့​နောက်​ ထိုသူက ပုန်းနေရာမှ ထွက်​​ပြေးသွား​တော့သည်​။

~~~~~~~~~~~~

မိုးသောက်ယံ ပြန်​သတိရလာချိန်​၌ နှုတ်​ခမ်းပေါ်မှ နူးညံသည့် အထိအ​တွေ့​ကြောင့် မျက်ဝန်းတို့ ပြူးကျယ်​သွားရသည်​။ မိုးသောက်ယံသည် ရှိုင်းကို တွန်းလိုက်​ပြီး​နောက်​ ပါးစပ်ထဲမှ ရေတွေ ပြန်ထွက်လာပြီး ရေသီးကာ ​ချောင်းတွေ အဆက်​မပြတ်​ဆိုး​သည်​။

"ဘယ်လိုနေသေးလဲ ယံယံ "

မိုးသောက်ယံသည် ယခုမှ နည်းနည်း အဆင်​​ပြေသွားသည် ။ ရှိုင်း၏ ​မေးခွန်းကို သူ မ​ဖြေသေးဘဲ စိုက်​ကြည့်​ပြီး​နောက်​ မျက်နှာဆီသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည် ။

ခွပ် !

"မိုးသောက်ယံ "

မဒီက အလန့်တကြား ​အော်​သည်​ ။ ရှိုင်းကို သည်လူဆိုးကောင်က ဘာကိစ္စ လက်ပါရတာလဲ ။

"မင်းကြောင့် ငါ ခုလို ဖြစ်ရတာ ရှိုင်း ။ မင်းသာ ငါ့အနားမှာ ရှိနေရင် ဒီလို ဖြစ်မှာမဟုတ်ဘူး "

ရှိုင်းသည် ခွန်းတုံ့မပြန်သော်လည်း နာကျင်​သွားသော ပါးတစ်​ဖက်​ကို ကိုင်​ရင်း ဖြစ်​​ပေါ်လာ​သော ​ဒေါသတို့ကို မနည်းမြိုသိပ်​ရသည်​။

ထိုစဥ် မဒီက ရှိုင်းနှင့် မိုးသောက်ယံ ဆီသို့ လျှောက်လာသည် ။

"နင်​ ဘယ်​လို​လုပ်လိုက်တာလဲ ။ ရှိုင်းက နင့်အသက်ကို ကယ်ခဲ့တာလေ ။ ဒီလို မရိုင်းစိုင်းသင့်ဘူး "

ရှိုင်းက နှုတ်ဆိတ်နေပြီး ဘာတစ်ခုမျှ ဝင်မပြောချေ ။ မိုးသောက်ယံသည် မဒီ ပြောနေသည်ကို မကြားဟန်ဆောင်ကာ ရှိုင်းကိုသာ မကျေမနပ်နှင့် စိုက်​ကြည့်နေမိသည်​။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now