အိမ်တံခါးသော့ကိုဖွင့်နေတဲ့ အချိန်
ကိုယ့်ဘေးမှာငြိမ်ငြိမ်လေးရပ်စောင့်နေ
တဲ့ ကောင်လေးကို ငုံ့ကြည့်ရင်း စိတ်
တွေကကိုယ်နဲ့မတူအောင် အဆမတန်
လှုပ်ရှားနေရသည်။ကိုယ့်မှာ အခုဖြစ်နေ
တာက အိမ်မက်လိုပဲ။ချစ်သူတွေဖြစ်ခဲ့
ကြပြီး ခရီးကပြန်ရောက်လာထဲက သူ
တစ်ခါလာခဲ့ဖူးသလိုပဲ ကိုယ့်အိမ်ကို
နေ့ဘက်တွေတစ်ခါတစ်လေ လာနေဖို့
ခေါ်နေသော်လည်းပဲ ငြင်းမြဲငြင်းခဲ့သည်။
အခု ဒီကောင်လေးက ကိုယ်မခေါ်ရပါပဲနဲ့
သူသဘောနဲ့သူ ရောက်လာခဲ့တယ်
တဲ့လား။

အိမ်တံခါးသော့ကိုဖွင့်ပြီးတာနဲ့ ရပ်နေ
ဆဲဖြစ်တဲ့ကောင်လေးရဲ့ လက်ကောက်
ဝတ်ကို မလွှတ်တမ်းဆွဲကိုင်ပြီး အိမ်ထဲ
ကိုကိုယ်ခေါ်လာခဲ့တော့ ငြိမ်ငြိမ်သက်
သက်ပင် လိုက်လာတဲ့ကောင်လေး။

ဝန်းကို ဧည့်ခန်းကဆိုဖာပေါ်မှာပေးထိုင်
ပြီးမှ ကိုယ်ကသူ့အောက်မှာ ဒူးတစ်
ဖက်ထောက်ထိုင်ပြီး လွမ်းနေခဲ့ရ
သသည့် မျက်နှာလေးကို အဝကြည့်
ရသည်။

"ကိုယ့်ဆီကို ဘယ်လိုရောက်လာတာလဲ"

ကိုယ်ထားထားတဲ့အတိုင်း ဆိုဖာပေါ်မှာ
ငြိမ်သက်စွာထိုင်နေတဲ့ ကောင်လေးရဲ့
ဆုပ်ကိုင်ထားသည့်လက်တွေကိုတော့
ယောင်လို့တောင် ကိုယ်မလွှတ်ပေးမိ။

"ဘာဖြစ်လို့လဲ ကျွန်တော် လာလို့မရဘူးလား"

မျက်နှာလေးက ကိုယ်စူးစိုက်ကြည့်နေ
တော့ သူ့အကျင့်လေးအတိုင်း ဟိုငေး
ဒီငေး လုပ်နေသည်။

"ခင်ဗျားနဲ့ ကျွန်တော် မတွေ့ရတာ
ကြာပြီလေ ကျွန်တော့်ဘက်က ခင်ဗျား
ကိုအချိန်မပေးနိုင်တာတွေများနေ
ပြီထင်လို့။အဲ့တာ ကျွန်တော့်ကိုလာ
မခေါ်စေချင်လို့ ကျွန်တော်ပဲလာခဲ့
လိုက်တာ။ခင်ဗျားဆီ မလာစေချင်ဘူး
ဆိုရင် ကျ ကျွန်တော်အခုပဲပြန်မှာ"

စကားတတ်နေတဲ့ကောင်လေးကို
အသည်းယားလွန်းစွာနဲ့ ဆုပ်ကိုင်
ထားတဲ့လက်တွေကို ပို၍တင်းကြပ်စွာ
ကိုင်လိုက်မိသည်။

"ကိုယ်တစ်ကယ် လွမ်းနေတာ"

ကိုယ့်ကိုငေးလို့နေတဲ့ ကောင်ကလေး
ရဲ့မူပိုင် သနားစဖွယ် မျက်ဝန်းတွေ။
ဖြူနုနေတဲ့ပါးဖောင်းဖောင်းလေး
နှစ်ဖက်က မို့မို့လေးဖြစ်သွားပြီး
နှုတ်ခမ်းပါးကပြုံးရုံလေးဖြစ်သွားသည်။
ဒီကောင်လေး ရှက်နေပြီ။

Reward[Him From Final Year]Onde histórias criam vida. Descubra agora