Chapter 27 ( Zawgyi )

5.4K 255 8
                                    

ကျွန်တော်နှင့် ကိုကိုသည် မြတ်တော်ဝင်အိမ်ကြီး၏ ခေါင်မိုးထပ်တွင် မနက်စာ စားနေကြသည်။ မာစီဒီး ကားတစ်စီး ခြံထဲဝင်လာတာကို အပေါ်က လှမ်းမြင်ရသည်။ မနက်အစောကိုပဲ မသဒ္ဓါချမ်းသာက ကိုကို့ဆီရောက်လာသည်။ ကိုကို့ကို လာဝိုက်နေတာကြောင့် ကျွန်တော့်အတွက် မသဒ္ဓါက ခုတ်ပစ်ရမယ့် ကျူပင်ပဲ။

"ဘွားဘွား"

"ဟော! သမီး သဒ္ဓါပါလား ..လာလာ သမီး"

"ဘွားဘွား နေကောင်းတယ်နော်၊ ဒီရက်ပိုင်း ဆီးချိုတက်သေးလား၊ သမီး စိတ်ပူနေတာ"

"ဆီးချိုတက်တယ်၊ ဘွားဘွားလည်းအစားအသောက် မဆင်ခြင်တဲ့အထဲမှာ ပါတယ်၊ စားချင်တာ စားပြီးသွားရင် ဆေးသောက်ရတာပေါ့"

"ဟုတ်၊ ဘွားဘွားအတွက် ဂျင်ဆင်းအားဆေး လာပို့တာ၊ Made in Korea အစစ်နော် ဘွားဘွား၊ သောက်ဖြစ်အောင် သောက်ရမယ်နော်"

"သမီးက သိတတ်လိမ္မာလိုက်တာ လွန်ပါရော့ကွယ်"

"ဒါနဲ့ ဘွားဘွား ..ဆက်ရော အိမ်မှာ ရှိလား"

"ရှိပါ့၊ ဗင်ဒါနဲ့ ခေါင်မိုးထပ်မှာ"

"ဟုတ်လား၊ သမီး လိုက်သွားလို့ရလား၊ ဆက်ကို ဒီရက်ပိုင်း ကျောင်းမှာ သိပ်မဆုံဖြစ်လို့"

"ရတာပေါ့၊ ပြောစရာလိုလို့လားကွယ်၊ သွား သွား"

"ဟုတ် ဘွားဘွား"

သဒ္ဓါက ဘွားဘွားအရှေ့မှ ခေါင်းလေးငုံ့လို့ အိမ်ရှေ့ဧည့်ခန်းမှ ထွက်လာလိုက်သည်။ ဘွားဘွားက ဆက်ကို ခေါင်မိုးထပ်မှာ ရှိတယ်ပြောလို့ အဲ့ဒီနေရာကို ထွက်လာလိုက်သည်။

"ဆက်ရေ ဆက်"

နာမည်တစ်လုံးတည်း အဖျားဆွတ်ခေါ်သံ။ ကိုကိုက toilet သွားဦးမလို့ဆိုပြီး ခေါင်မိုးထပ်က ပြန်ဆင်းသွားလို့ ခေါင်မိုးထပ်မှာ ကျွန်တော်ပဲ ကျန်ခဲ့သည်။ နောက်ပိုးမက ကျွန်တော်နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။

"ဗင်ဒါ..ဘွားဘွားပြောတော့ ဆက်က ဒီမှာဆို၊ ဆက်လည်း မတွေ့ပါလား၊ ဘယ်ရောက်သွားတာလဲ"

"အစ်မကြီး.. ခင်ဗျားဗျာ ဣန္ဒေလြေး ဘာလေး ဆယ်ပါဦးလား၊ ကိုကို့အနောက်ကို အရှက်မရှိ ပြေးလိုက်နေရတာ မမောသေးဘူးလား"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now