"ရှိုင်း ၊ ဟေ့ရောင် ရှိုင်း "

မိုးသောက်ယံက သူ လှမ်းခေါ်​နေသည်ကို တစ်​ချက်​ပြန်​မကြည့်ဘဲ ထွက်​သွားသည့် ရှိုင်းကြောင့် ​ဒေါသထွက်​ပြီး ​တက်ခေါက်​မိသည်​။

"ဟေ့ရောင် ဘာ​တွေ စိတ်​ဆိုး​နေတာလဲ ။ ခုန​ကောင်​မ​လေးက ကိုရှိုင်းရဲ့ ရည်းစားလား "

"မဟုတ်​ဘူး "

ဒေါသအရှိန်မသေသေးသည်မို့ မိုးသောက်ယံက ဝေယံ့မေးခွန်းကို ခပ်ဆတ်ဆတ်ပင် ပြန်ဖြေလိုက်သည် ။

"ဒါဆို ​တော်​​သေးတာ​ပေါ့ကွာ ။ ငါ ​မျှော်​လင့်ချက်​ရှိ​သေးတာ​ပေါ့​ ။ ဟုတ်တယ်မလား ယောက်ဖလေး "

မိုးသောက်ယံ၏ ​ဒေါသ​မြားဦးက ဝေယံဆီ ဦးတည်​သွား​တော့သည်​။ ဝေယံ့ကို ခပ်တည်တည်နှင့် စိုက်​ကြည့်လိုက်တော့ သွားလေးဖြဲပြီး ​ပြန်ရယ်ပြသည် ။

ဝေယံသည် မိုးသောက်ယံ၏ ​ဒေါသကို လွန်​ခဲ့သည့် ၃နှစ်​ အထက်​တန်းကျောင်းမှာ စသိထဲက လန့်ခဲ့ရသည်​မဟုတ်​လား။

"ဟား....ယံယံကလည်း ။ ငါက စတာပါကွာ ဟား...ဟား ။ ငါတို့ အတန်းစ​တော့မယ်​ ။ သွားကြရ​​အောင်​ "

ဝေယံက စကားလမ်းကြောင်းလွှဲတော့မှ မိုးသောက်ယံက ဒေါသ​တွေကို ​ဖြေ​လျော့ရင်း နှစ်ယောက်သား စာသင်​ခန်းဆီ ထွက်လာခဲ့သည်​။

⚡⚡⚡⚡⚡⚡⚡⚡

မဒီခင်​သည် တက္ကသိုလ်​​ကျောင်းဝင်းထဲ လမ်းလျှောက်​လာရင်း လမင်းကို လိုက်​ရှာမိသည်​ ။လမင်းက မဒီ့ အစ်မ တစ်​ဝမ်းကွဲပင်​ ။ မဒီ နှင့် တစ်​လသာ အသက်​ကွာခြား​တော့ ရွယ်​တူလိုပင်​ ။ ရန်​ကုန်​မှာ ​ကျောင်းတက်​ရဖို့ ​မေ​မေနှင့် ဖေ​ဖေ့ကို သ​ဘောတူ​အောင်​ မနည်းကြိုးစားခဲ့ရ​သေးသည်​။ မဒီ ​ကျောင်းပြောင်းသည့် စာရွက်​စာတမ်းတွေ ယူပြီး အချိန်အနည်းငယ် ​နောက်​ကျမှ ​လမင်းတို့ အိမ်​ကို​ရောက်​လာခဲ့သည်​။ လမင်းက ​ကျောင်းကို ​စော​စောသွားပြီဆိုသောကြောင့် မဒီ လိုက်လာခဲ့ပြီးဖုန်းဆက်​ချိန်းလိုက်သည်​။ လမင်း၏ အရိပ်​အ​ယောင်​​တောင်​ မ​တွေ့တာ​ကြောင့် ဖုန်းခေါ်​နေရင်း လမ်းအလယ်​က လျှောက်နေမိတာကို ကိုယ်​တိုင် သတိမထားမိခဲ့ ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now