ရှိုင်းသည် ဒေါ်ခင်နွယ့်ကို နားလည်​သည်ဟု ပြောခဲ့​ပေမယ့် တကယ်​တမ်းမှာတော့ မိုးသောက်ယံဆိုသည့် ခပ်​ဆိုးဆိုး​ကောင်​လေးကို ကြည့်မရခဲ့ပေ ။ အ​ကြောင်းပြချက်​က​တော့ သူ စ​ရောက်​သည့်နေ့ကစလို့ ယ​နေ့ထိတိုင်​ အမျိုးစုံ ပြသနာရှာ ဒုက္ခ​ပေးခဲ့​သော​ကြောင့်​ပင်​။ ဒါ​ပေမဲ့လည်း သူ့ဘဝအ​ခြေအ​နေ​ကြောင့် သည်းခံရ​ပေဦးမည်​။

×××××××××××××××××××

"ယံယံ ​နောက်​တစ်​ပတ်​ဆို ​ကျောင်းစတက်​ရ​တော့မယ်​​နော်​ "

"​ဒယ်ဒီ ၊ သား ကျောင်းမတက်​ချင်​ဘူး "

"သား ​ကျောင်းတက်​မှ သူငယ်​ချင်းအသစ်​​တွေလည်း အများကြီးရမှာ​ပေါ့ "

"ဟင့်အင်း ၊ သားမှာ ​ဒယ်ဒီ ဝယ်​လာ​ပေးတဲ့ သူငယ်​ချင်းရှိ​နေတာပဲ "

မိုးသောက်ယံသည် ရှိုင်းကို လှမ်းကြည့်ရင်း ပြောလိုက်​သည်​။

"သား ၊ အဲ့ဒီလိုမ​ပြောရဘူးလို့ ​မာမီ မှာထားတယ်​ မဟုတ်လား"

​မာမီ လှမ်းဆူ​တော့ မိုးသောက်ယံက ​ဒယ်ဒီ့ကို အားကိုးစွာ လှမ်းကြည့်သည်​။

"ခင် ၊ သားကို ကိုယ်​ပဲ ​ပြောလိုက်​မယ်​ ။ ယံယံ ၊ ရှိုင်းလည်း ​ကျောင်းတက်​ရမှာ ။ သားလည်း အ​ဖော်​ရတာ​ပေါ့ ။ ရှိုင်းက ​ကျောင်းတက်​တဲ့အချိန်​ သားတစ်​​ယောက်​တည်း အိမ်​မှာ​နေခဲ့ချင်လို့လား "

မိုးသောက်ယံသည် မျက်လုံးလေး ကလယ်ကလယ်နှင့် စဥ်းစားနေသည် ။ ထို့​နောက်....။

"သားလည်း ​ကျောင်းတက်​မယ်​ "

"သားလေးက လိမ္မာတယ်​ ။ ဒယ်ဒီက ​နောက်​​နေ့ ​ကျောင်းလိုက်​အပ်​​ပေးမယ်​ "

"ဟုတ်​ကဲ့ ဒယ်ဒီ "

"ရှိုင်း ၊ မင်း ​ကျောင်းတက်ခဲ့လား ။ ဘယ်အတန်းထိ ရောက်ပြီလဲ "

" ကျောင်းတော့မတက်ဖူးပါဘူး ။ ကျွန်တော် အခုနေတဲ့ ဂေဟာမှာတော့ ဆရာမက စာသင်ပေးပါတယ် "

"အင်း ၊ ဒါဆို ယံယံနဲ့အတူ ကျောင်းတက်​​ပေါ့ ။ ယံယံလည်း တစ်​​ယောက်​တည်း မဖြစ်​​တော့ဘူး "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now