"​မာမီရေ.... မာမီ "

"သား ဘာဖြစ်​လို့လဲ "

"ဟိုမှာ "

မိုးသောက်ယံက ဒေါ်ခင်နွယ်၏ အမေးကို မဖြေဘဲ လက်ညှိုးညွှန်ပြသည် ။ ဒေါ်ခင်နွယ် ကြည့်လိုက်တော့ ခင်ပွန်းနှင့်အတူ ကလေးတစ်ယောက်ကို တွေ့လိုက်ရသည် ။

"ခင် ၊ ဒါကိုယ်​တို့ရဲ့ မိသားစုဝင်​အသစ်​ ။ သူ့နာမည်​က ရှိုင်းတဲ့ "

"အင်း "

"ရှိုင်း ဒါ ဦးရဲ့ မိန်းမ ​ဒေါ်ခင်နွယ် တဲ့ ။ ဒါက​တော့ ဦးရဲ့သားလေး မိုးသောက်ယံ "

"ဟုတ်​ကဲ့ "

"မိဘမဲ့​ကျောင်းမှာ က​လေး​တွေ အများကြီးရှိရဲ့သားနဲ့ မင်းကို ဘာလို့​​ခေါ်လာလဲ ၊ သိတယ်​မဟုတ်​လား ရှိုင်း "

"ဟုတ်​ကဲ့ ကျွန်​​တော်​ သိပါတယ်​ခင်ဗျာ "

"မင်း ပြောခဲ့တဲ့ စကားကို မင်း တစ်​သက်​လုံး မှတ်​ထားပါ ရှိုင်း ။ ငါ့ သားလေးကို သေချာ ​စောင့်ရှောက်​ပါ "

"ဟုတ်​ကဲ့ပါ ဦး "

"လာ...သား ၊ ရှိုင်း ရေချိုးပြီး ထမင်းစားရ​အောင်​ ။ အန်​တီ ​ရေချိုးခန်း လိုက်​ပို့​ပေးမယ်​ "

"ဟုတ်​ကဲ့ အန်​တီ"

ရှိုင်းသည် ​ရေချိုးနေရင်း ဦးမိုးမြင့်နှင့် ​နေ့ခင်းက စ​တွေ့ခဲ့သည့် အချိန်​ကို ပြန်​​တွေးမိသည်​။ ဦးမိုးမြင့်က က​လေးတစ်​​ယောက်​ကို ​မွေးစားမည်ဆို​တော့ ​မွေးစားခံရမည့်သူက သူပဲ ဖြစ်​ချင်​မိသည်။ သည်မှာ အခြားသူ​တွေ အနိုင်​ကျင့်ခံရပြီး ​နေရတာထက်​စာလျှင် ​ချမ်းသာသည့်​သူ​တွေနှင့် ​အေး​အေးချမ်းချမ်း ​နေချင်​မိသည်​။ အ​ကောင်းဆုံး ရှင်​သန်​​နေထိုင်​ပြီး သူ့ကို စွန့်ပစ်​သွားခဲ့သည့် ​မေ​မေနှင့် ပြန်​​တွေ့လျှင်​ ​နောင်​တရ​စေချင်​သည်​။

​ကောင်​လေးတစ်​​ယောက်​ကို ဦးမိုးမြင့် ​မေး​နေတာ လှမ်းကြားမိ​တော့ ရှိုင်းသည် ဦးမိုးမြင့်၏ အနားသို့ ​အ​ပြေးသွားမိသည်​။

"​ဟေး....က​လေးလေး ။ ဖြေ​လေကွာ ။ မင်း ဦးရဲ့သားနဲ့ အတူအ​ဖော်​လုပ်​​ပေးရမယ်​ ။ ဦးနဲ့ လိုက်​မှာလား "

ချစ်မိသူ  အရှုံး ( Completed) Unde poveștirile trăiesc. Descoperă acum