Chapter 3 🖤 [U]

Start from the beginning
                                    

ရိပေါ်လည်း ဟောက်ရွှမ်းတို့ကိုရှောင်ပေးရန် အပြင်ဘက်ကိုနဲနဲထွက်ကာ လမ်းရှောက်နေသည်။

"ရီရီ ငါမင်းကိုပြောစရာရှိတယ်"

ဒါကျန့်ကော အသံမို့လား။

ဘေးနားကသစ်ပင်လေးကိုကွယ်ကာချောင်ကြည့်လိုက်သည်။ကျန့်ကောနှင့် ကောင်မလေးတယောက်က မျက်နှာချင်းဆိုင် သစ်ပင်ရဲ့တဘက်မှာ ရပ်နေကြသည်။ ထိုကောင်မလေးက ကျန့်ကောတို့အတန်းက အလှနတ်သမီးလေး ရှင်းရီရီပင်ဖြစ်သည်။အနုပညာရှင်တယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့သူတယောက်ဖြစ်သလို လက်ရှိမှာလည်းနံမယ်အနည်းငယ်ကျော်ကြားသည်။

ဒီလို လူရှင်းတဲ့ ခြံနောက်မှာ ဒါကဘာလုပ်နေကြတာတုန်း??

"ရီရီကိုမင်းကိုအဘောကျတယ်"

ရိပေါ်ခေါင်တခုလုံးချာချာလည်သွားသည်။တဆက်ထဲနှလုံးကပါ စူးအောင့်လာသည်။တကယ် …...တကယ်ကြီးလား ဒါက
ကျန့်ကောက.... သူ့ကို...

ရိပေါ် တဖက်သူရဲ့ပြန်ဖြေမယ့်အဖြေကိုသာစောင့်နေမိသည်။

"နင်သိလား နင်ဒီလိုဖွင့်ဟလာဖို့ ငါဘယ်လောက်တောင်စောင့်ခဲ့ရလဲ နင်အခုလိမ်နေတာတော့မဟုပ်ပါဘူးနော်
ငါ....ငါလေ နင်ကိုအရမ်းသဘောကျတာပဲသိလား ငါဘက်ဖွင့်ပြောဖို့လုပ်တိုင်းနင်ကရှောင်နေတယ်................"

ကျန်တဲ့စကားတွေကိုဆက်နားထောင်နိုင်စွမ်းမရှိဆော့ဘူး ။ဒီနေရာမှာ အပိုလူလိုခံစားရပြီး ရင်ဘက်ထဲကအရာကလဲ တကိုယ်လုံးကိုနိုပ်ဆက်နေတယ်။ ဖြစ်နိုင်ရင်ခနလောက်ဖြစ်ဖြစ်ထုပ်ထားချင်တယ်။

နားထဲမှာဘာမှမကြားတော့ဘူး အဲ့နေရာကနေအမြန်ဆုံးထွက်ပြေးလာမိတယ်။

"wow......ရီရီ နင်တကယ်တော်တာပဲ "

"ဘာလို့မြက်ခင်းပေါ် မှောက်နေကြတာလဲ
လာ ငါကိုပြကြည့်"

‌ရီရီခေါ်လိုက်တော့ မြက်ခင်းပေါ်မှာမှောက်နေတဲ့ သုံးယောက်သားထလာကြသည်။ ကင်မရာကိုဒေါက်ကနေ ဖြုတ်ပြီး ရီရီထံယူလာပြကြသည်။

"ဒါနဲ့ရီရီထက် ရှောင်ကျန့်ကပိုကြည့်ကောင်မနေဘူးလား?"

"ဟုပ်ပါ့ auditionမှာ ရီရီကိုမရွှေးပဲရှောင်ကျန့်ကိုရွှေးနေမြှဖင့်"

"ဟားဟားဟား…........"

….............

"ရိပေါ်ဘာဖြစ်လာတာလဲ?"

"ငါဘာဖြစ်လာလို့လဲ"

"မသိဘူး ဟေ့...ဟေ့ အဲ့ဒါမသောက်..."

ချထားတဲ့ဝိုင် ခွက်ကိုကိုင်လိုက်သောကြောင့် မသောက်ရန်တားသော်လည်း မော့ချလိုက်ပြီဖြစ်သည်။လေးပုံသုံးပုံခန့်လောက် ကုန်သွားမှ ချလိုက်သည်။

"ဘာလို့လဲ ဒီခွက်က?"

"ငါခွက်"

ရုတ်တရတ်လက်တစုံက ခွက်ကို ဆွဲယူလိုက်သည်။လှည့် ကြည့်လိုက်တော့နှုတ်ခမ်းအောက်မှာမှည့် နက်လေးနဲ့ ထိုလူသားပင်။

"ယွိပင်းကော ငါအခန်းထဲသွားနားတော့မယ်"

"အင်း...အင်း..ဒါနဲ့ မင်းအဆင်ပြေရဲ့လား?"

"ဘာကိုတုန်း?"

"ဘာမှမဟုပ်ဘူး..နားချင်နားချည်တော့လေ နားတော့"

ရိပေါ်အခန်းကိုသာထွက်သွားလိုက်သည်။‌ရှောင်ကျန့်တယောက် အဆုံးထိကျောပြင်လေးကိုလိုက်ကြည့်နေမိသည်။ဝိုင်းမှ ဟောက်ရွှမ်းနဲ့ ယွိပင်းအပါအဝင်ပေါ့။ ရိပေါ်သောက်လို့ ကျန်ခဲ့သော ဝိုင်လေးကို မော့သောက်လိုက်သည်။

"မသောက်နဲ့!!!!!"
"မသောက်နဲ့!!!!!!"

ဟောက်ရွှမ်းနဲ့ ယွိပင်း အသဲြဗြဲကြီးဖြင့်ပြိုင်တူအော်လိုက်သောကြောက် သော့နေရင်း‌တောင်သီးသွားသည်။

"ဘာလို့တအားအော်နေတာလဲ"

ပြန်အော်မေးလိုက်တော့ယွိပင်းက‌ ခေါင်းလေးငုံ့ကာ မဖြေချင်ဖြေချင်ဖြင့်ပြန်ဖြေသည်။

"အဲ့ဒါကလေ ...အဲ့..အဲ့ထဲမှာ ဆေးခပ်ထားလို့ "

"ဘာ!!!!!!"

3539 words
30.8.2020

Russian Roulette(ရပ္နား)Where stories live. Discover now