...........................
"ရိ..ရိပေါ်ge''

"ဟင်''

သူလှည့်ကြည့်လိုက်တော့ခေါင်းငုံ့ပြီးသူ့ကိုစာပေးနေသောကောင်လေးတစ်ယောက်

"ဘာလဲ''

"ဟို..ဟို''

ထိုစဉ်သူ့ဘေးနားမှဟောက်ရွှမ်းမှစာကိုဖြတ်ခနဲလု၍ပြောင်စပ်စပ်မျက်နှာဖြင့်

"ဟေး..ပန်းရောင်စာအိတ်လေးပါလားကွ
မင်းကအထက်တန်းဂျူနီယာလေးမဟုတ်လား''

"ကျွန်တော့်ဟာပြန်ပေး''

"မပေးဘူးကွာ''

ဝမ်ဟောက်ရွှမ်းကသူလိုက်လုနေရင်းကပင်စာအိတ်ကိုဖွင့်ဖတ်လိုက်၏။ဟောက်ရွှမ်းအသံကြောင့်သူတို့အနီးအနားမှကျောင်းသူကျောင်းသားများသူ့ကိုဝိုင်းကာကြည့်နေကြပါ၏။

"ဝေါ်အိုက်နီရိပေါ်ge geတဲ့
လခွီး..ရိပေါ်မင်းမလည်းစွံလိုက်တာ''

ထိုစဉ်သူ့မှာတော့လူအများဝိုင်းကြည့်နေတာကြောင့်တစ်ကိုယ်လုံးတုန်တုန်ချိချိပင်ဖြစ်နေပါပြီ။ခေါင်းကတော့ငုံြ့မဲငုံ့ထားလျှက်ဖြစ်ပြီးလက်နှစ်ဖက်ကတော့အချင်းချင်းပွတ်တိုက်နေ၏။

"ဟောက်ရွှမ်း..ပြန်ပေးလိုက်
သွားမယ်''

"ရိပေါ်ge!
ငါမင်းကိုတကယ်ကြိုက်တာ
ငါတို့ကျောင်းပြီးသွားရင်မင်းတက်တဲ့ဆေးကျောင်းလည်းလိုက်တက်မယ်
မင်းနောက်ကတကောက်ကောက်လိုက်မယ်
မင်းတစ်ယောက်တည်းကိုဘဲကြည့်ပြီးမင်းတယောက်တည်းကိုဘဲချစ်မယ်
ငါ့အချစ်ကိုလက်ခံပေးပါရိပေါ်ge''

နောက်ဆုံးစကားတွင်တော့သူ့အသံတို့တိမ်ဝင်သွားခဲ့၏။သူငြင်းလေမလားလို့ကျလာတဲ့မျက်ရည်ကိုလည်းမသုတ်ဖြစ်။''ဟုတ်တယ်..ငါမှန်တယ်၊ငါ့အချစ်ကိုဝံခံရဲရမယ်''ဟုသာကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်အားပေးလျက်သာ။

"ငါမင်းကိုမကြိုက်ဘူး
ယောက်ျားလေးomegaတွေဆိုပိုလိုတောင်မကြိုက်သေးတယ်
သူတို့ရဲ့genderကိုကကျားမဟုတ်၊မိန်းမမဟုတ်တဲ့ကောင်တွေ
မင်းတို့ကမွေးမလာသင့်တဲ့ကောင်တွေဘဲ''

"Omegaဖြစ်တာဘာဖြစ်လို့လဲ
အဲ့တာကငါမင်းကိုချစ်တာနဲ့ဘာဆိုင်လို့လဲ!''

သို့...ချစ်သူ(completed) Where stories live. Discover now