Ch-1(love at first sight)

59 2 4
                                    

Zawgyi
နံနက်ခင်းရဲ့အလင်းရောင်ဖြဖြသည် ပြတင်းတံခါးကိုဖြတ်လျက် အိပ်လျက်ရှိသော တစ်စုံတစ်ဦး၏မျက်နှာပေါ်သို့ ကျရောက်လျက်ရှိသည်။ ထိုသူ၏အသားရေသည် ဖြူ ဖွေးပီးချောမွတ်လျက်ရှိသည်။ နီရဲနေသောနှုတ်ခမ်းလေးများမှာလည်း အနည်းငယ်ပွင့်လျက်ရှိသည်။ ပိတ်ထားသောမျက်လုံးများ၏ ကော့ညွှတ်နေသောမျက်တောင်စဉ်းလေးများသည် နေရောင်ကြောင့် မသိမသာလှုတ်ခတ်နေသည်။ ဤကဲ့သို့အချက်များကြောင့်မိန်းမလှလေးတစ်ယောက်ဟုထင်လျှင် သင်တို့မှားပေလိမ့်မည်။ ထိုသူသည်ယောကျာ်းလေးဖြစ်သည်။ ထိုသူ၏အမည်မှာ သူရိန်လင်းထက်ဖြစ်သည်။

"သားရေထတော့ ဟက်သား"

အဆက်မပြတ်နိုးလျက်ရှိသောအသံကြောင့် အိပ်နေသောကောင်လေး၏မျက်ခုံးများတွန့်ချိုးသွားသည်။ သူသည်'ထပါပီ'ဟု ပြောနေသော်လည်း မျက်လုံးများကတော့ပိတ်နေဆဲ။

"ဟဲ့ကောင်ဆက်ပီးအိပ်နေတုန်းလား။ ထတော့နော်။ ကျောင်းသွားအပ်ရတော့မယ်လေ။ အရင်လိုရွှေရောင်နေ့ရက်ကြီးတွေကပီးသွားပီနော်။ အပျင်းကြီးမနေနဲ့တော့။ မြန်မြန်လုပ်။ နာရီဝက်အတွင်းအဆင်သင့်ပြင်ဆင်ထား။ ငါအောက်မှာ သူဇာ့အမေနဲ့စောင့်နေမယ်။ မြန်မြန်ပြင်ဆင်ပီးဆင်းလာခဲ့"

သူဇာဆိုသည်မှာသူရိန်လင်းထက်၏ ငယ်သူချင်းမ ဖြစ်သည်။ သူမသည် သူရိန်တို့ရဲ့တစ်လမ်းကျော်တွင်နေသည်။

သူ့အမေ၏အမိန့်အသံကြောင့် သူရိန်လင်းထက်၏မျက်လုံးများ လုံးဝပွင့်လေပီ။

ဟုတ်တယ် ဒီနေ့ကကျွန်တော်တို့တက္ကသိုလ်အပ်ရမယ့်နေ့။ ကျွန်တော်ကဆယ်တန်းမှာအမှတ်ပေါင်း၅၁၇နဲ့ ဆေးတက္ကသိုလ်၂ကိုဝင်ခွင့်ရခဲ့တယ်။ကျွန်တော်လည်းခပ်မြန်မြန်ပဲ ရေမိုးချိုးလိုက်ပီးတော့ T-shirt အဖြူ  ဘောင်းဘီရှည်အနက်ရောင်တစ်ထည်ဝတ်လိုက်တယ်။ မှန်ထဲတွင်ထင်နေသောသူ၏ပုံရိပ်သည် အနည်းငယ်ရင့်ကျက်ပုံပေါ်သော်လည်းချစ်စရာကောင်းတဲ့ပုံစံကတော့ပျောက်မသွားပေ။

ကျွန်တော်လည်းပြင်ဆင်စရာရှိတာပြီး မီးပိတ် အိမ်တံခါးသော့ခတ်ပီး အောက်ဆင်းခဲ့လေသည်။ ထို့နောက်ကားထဲတွင် မေမေ့ကိုတွေ့ရလေသည်။ မေမေသည်သူ့ဇာအမေနဲ့ ကားရှေ့ခန်းတွင်ထိုင်လေသောကြောင့် ကျွန်တော်လည်းနောက်တံခါးကိုဖွင့်ပြီးဝင်ထိုင်လေသည်။

You've reached the end of published parts.

⏰ Last updated: Aug 28, 2020 ⏰

Add this story to your Library to get notified about new parts!

The Sun of the Sky(ကောင်းကင်ရဲ့နေမင်း ကောင်းကင်ရဲ့နေမင်း)Where stories live. Discover now