အပိုင်း-၁. (Uni)

Start from the beginning
                                    

နင့်ဖြစ်နေလိုက် ဆုတောင်းလေ။ မျှော်လင့်ချက်ကြီးမနေနဲ့။

သွင်ကျောင်းသား၊သူ အားလုံးကိုအပြုံးလေးနဲ့ စာစသင်လေသည်။ စာသင်ချိန် ခေါင်းလောင်းသံကြားတာနဲ့ သွင့်စာသင်ချိန်ပြည့်ကာ အတန်းထွက်လာကာ တက္ကသိုလ်ဆရာများနားနေဆောင်သို့ ပြန်လာခဲ့လေသည်။ သွင်ဝင်လာတာနဲ့ နားနေဆောင်ထဲမှ ဆရာ၊ဆရာမက နှုတ်ဆက်ကြလေသည်။

ဆရာကဒီနေ့မှအသစ်ရောက်လာတဲ့ ဆရာသစ်ထင်တယ်။

ဟုတ်ပါတယ်ဗျ။ ကျွန်တော်နာမည်က လရောင်သွင်ပါ။ သွင်လို့လဲ တရင်းတနှီးခေါ်လို့ရပါတယ်။

ဆရာနာမည်လေးနဲ့ လူနဲ့လိုက်ဖက်ပါတယ်။ ဆရာ့မျက်နာက လရောင်လေးလို မြင်ရကျွန်မစိတ်ကို အေးချမ်းသွားတာပဲ။ .

ဆရာမတို့ကမြှောက်ပြောတော့မယ်။နောက်နေ့ကျ ကျွန်တော်မုန့်ဝယ်ကျွေးပါ့မယ်။

"ဟယ် အားနာစရာကြီးရှင်..."

"ဒါဆိုမသက်သက်က မစားတော့ဘူးလားရှင့်။"
ဒီနေ့မဟုတ်လို့တောင် စိတ်မကောင်းဖြစ်သွားလို့ပါဇင်မာရယ်။
ဆရာမနှစ်ယောက်သားပြောပြီး တဟားဟားနဲ့ရယ်နေကျလေသည်။
သွင်အပြုံးတစ်ခုသာ ဖန်ဆင်းကာတိတ်ဆိတ်နေမိလေသည်။

သွင်စီနီယာ ဆရာ၊ဆရာမများကိုနှုတ်ဆက်ကာ ပြန်လာခဲ့လေသည်။ သွင်ဘတ်စကားဂိတ်သို့ ကျောင်းကနေဆို ၁၅မိနစ်လောက်တော့ လှမ်းလျှောက်ရလေသည်။ တက္ကသိုလ်ကကျောင်းသားများကို စာသင်ရတာသိပ်တော့မပင်ပန်းပေ။ အတန်းမှန်မှန်တက်၊ စာမေးပွဲကတော့တစ်လတစ်ခါ ဖြေပေးရလေသည်။ သွင်ကိုယ့်အတွေးနဲ့ကိုယ် လှမ်းလျှောက်လာစဥ် လူငယ်တစ်ယောက် သူ့ကိုဝင်တိုက်မိလေသည်။

"Sorry မမြင်လိုက်လို့..."

ထို့လူကတောင်းပန်တာတောင် တင်တင်စီးစီးဖြစ်နေသော်လဲ
သွင်ကပင် ပြန်တောင်းပန်မိလေသည်။ ကိုယ်လဲအတွေးမျာပြီး မမြင်လိုက်လို့ပါ။ တောင်းပန်စရာမလိုပါဘူး သွားစရာရှိတာကို သွားပါဗျ။ သွင့်ကိုမော့ကြည့်လာတဲ့ ကောင်လေးမျက်နာကို တစ်ချက်ကြည့်မိလေသည်။ ဟင် သွင်မြင်လိုက်ရတဲ့ ထိုကောင်လေးမျက်နာမှာ ဒဏ်ရာပရပွနဲ့ မြင်မကောင်အောင် ဖူးယောင်နေလေသည်။ သွင်မနေနိုင်စွာနဲ့ မင်းမျက်နာက ဘယ်လိုဖြစ်ရတာလဲ
ဒဏ်ရာတွေလဲအများကြီး။
သွင်စကားပင်ဆုံးအောင် မပြောလိုက်ရသေးခင် ထိုကောင်လေး သူ့လက်ကိုဆွဲကာ ထွက်ပြေးလေသည်။ သွင်ငြင်းဆန်ချိန်မရခင် ထိုကောင်လေးနော်သို့အလိုလိုပြေးလိုက်မိလျှက်သားဖြစ်နေလေသည်။ ဒီလောက်ဆို သွင်ရိပ်မိလိုက်သည်။ မင်းရန်ဖြစ်လာတာလား။ သွင့်စကားကို ထိုကောင်လေးမသိချင်ယောင်ဆောင်ကာ နေလေသည်။ မင်းဆေးခန်းသွားမှဖြစ်မယ်ထင်တယ်။ ဒီလောက်ဒဏ်ရာတွေက အများကြီးပဲ။ သွင်ဘာပြောပြော ထိုကောင်လေးက သူ့ကိုရှိတယ်လို့ပင်မထင်သည့်ပုံစံ။
         ကိုယ်ဆေးခန်းလိုက်ပို့ပေးမယ်။ မဟုတ်ရင် မင်းဒဏ်ရာတွေကပိုးဝင်သွားလိမ့်မယ်။ သွင် ထိုကောင်လေးကိုကြည့်ရင်း ခပ်ချောချောမျက်နာကိုပိုင်ဆိုင်ထားကာ နုနုနယ်နယ်ပုံစံနဲ့ဒီကောင်လေးက လူမိုက်ပုံစံမျိုးဖမ်းထားလေသည်။ ဖြူစင်းနေသော ခပ်ချောချောမျက်နာဟာ အခုလိုဒဏ်ရာတွေနဲ့တော့ဘသိပ်မလိုက်ဖက်ပေ။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now