《Chapter-1》

13K 1.8K 18
                                    

Unicode

Chapter(1)

တနင်္လာနေ့တစ်နေ့မှာဖန်ဂိုတစ်ယောက် အတန်းခေါင်းဆောင်ဆီမှအသုဘဖိတ်စာ တစ်ခုကိုရရှိလိုက်သည်။

သေဆုံးသူကဝေဝေဖြစ်၏။

ဖန်ဂိုကဆယ်မိနစ်လောက်တွေးလိုက် မိပြီးမှထိုလူကိုပြန်မှတ်မိလိုက်သည်။

ဝေဝေကဖန်ဂိုရဲ့အထက်တန်းကျောင်း တတိယနှစ်အတန်းဖော်ဖြစ်ပြီးသူတို့ အတန်းရဲ့အလှဆုံးမိန်းကလေးတစ် ယောက်ဖြစ်သည်။

အကြောင်းအရင်းတွေအကုန်လုံးကြောင့် ဝေဝေကအတန်းရဲ့အလှဆုံးမိန်းကလေး တစ်ယောက်ဖြစ်တဲ့အတွက်ဖန်ဂိုအနေနဲ့ သူမအပေါ်မှာနက်နက်ရှိုင်းရှိုင်းစွဲထင်နေ သင့်တယ်လေ။

ဒါပေမဲ့လည်းဝေဝေနဲ့ပတ်သတ်တဲ့အ မှတ်တရတွေအကုန်လုံးရဲ့အခြေအနေ ကဆန့်ကျင်ဘက်ဖြစ်နေရသည်။

သူ့စိတ်ထဲမှာရှိတဲ့သူမကလှပပြီး တိတ်ဆိတ်တဲ့မိန်းကလေးတစ်ယောက်၊ ပုံမှန်ရလဒ်တွေနဲ့အားနည်းတဲ့တည်ရှိမှု လေးတစ်ခုသာ...စက္ကူတစ်ရွက်မှဖြတ် တောက်ထားသလိုသူမရဲ့တစ်ခုတည်း သောကောင်းတဲ့အချက်ကလှပတာ တစ်ခုသာရှိပေမယ့်ထိုအလှတရားက အရိပ်အောက်မှာအမြဲတမ်းဖုန်းကွယ် နေခဲ့ပြီးဖော်ထုတ်ရန်ခက်ခဲခဲ့သည်။

ဖိတ်စာကိုရရှိပြီးသိပ်မကြာခင်ပဲဖန်ဂိုက အတန်းခေါင်းဆောင်ထံမှဖုန်းကောကို လက်ခံရလိုက်သည်။

"ဖန်ဂို?"

ဖန်ဂို ; "အတန်းခေါင်းဆောင်နှစ်တစ်ထောင် နှစ်တစ်သောင်းထိအသက်ရှည်ပါစေ"

အတန်းခေါင်းဆောင်ကအစခံလိုက် ရခြင်းအပေါ်ရယ်မောလိုက်ပြီးပြော လိုက်သည်။

"ငါနင့်ကိုပို့ပေးလိုက်တဲ့ဖိတ်စာ ကိုတွေ့ပြီးပြီလား?"

ဖန်ဂိုကခေါင်းကိုငုံ့လိုက်ပြီးသူ့လက်ထဲ မှာနှင်းလိုဖြူတဲ့ဖိတ်စာကိုကိုင်ဆောင် ထားဆဲပင်။

၎င်းတွင်ပါရှိသည့်စကားလုံးများကို စာလုံးအလှရေးခြင်းဖြင့်ရေးသားထား ခြင်းဖြစ်ပြီးစုတ်ချက်များကအားကောင်း ကာအင်အားကြီးမားလှသောကြောင့် စာလုံးအလှရေးတဲ့သူများကိုမည်သည့် အရာကမှမလေးမစားမလုပ်ရဲလောက်ပေ။

(Completed) Ghost MarriageOnde as histórias ganham vida. Descobre agora