နောက်ပါးဆီကကပ်ပါလာတဲ့ရယ်သံလွင်လွင်တွေကိုလျစ်လျူရှုပစ်မိတယ်...

ကိုယ်ကိုယ်တိုင်အနာကျင်ခံကာရွေးချယ်ခဲ့တဲ့လမ်းမို့ ဂျစ်တူးလေးကတော့ပျော်နေပါစေကွယ်...
......

"ကိုကို "

" ကျစ် မင်းကိုငါအဲ့လိုမခေါ်ဖို့ဘယ်၂ခါထပ်ပြောရမလဲ"

ခုနကလေးတင်အလိုလိုက်အကြိုက်ဆောင်နေတဲ့ ကိုကိုက ချက်ချင်းပြောင်းလဲသွားရတာမို့ သူမကအကြောင်သားနဲ့...
တခါတလေကြ သိပ်ကိုအလိုက်၊ကောင်းပြလွန်းတဲ့Park chanyeolကတခါတလေတော့လဲ မချစ်သလို။
အရင်စိတ်နဲ့ဆိုဒီလိုအပြောင်းအလဲမြန်တဲ့ယောက်ျားမျိုးကို စောစောစီးစီးလမ်းခွဲပြီးလောက်ပေမဲ့ သူမက ခုတော့ ဒီယောက်ျားကိုပဲအတည်ပေါက်ကြီးချစ်မြတ်နိုးနေရပြီမို့ သည်းခံရုံသာရှိပါတယ်။
ပြီးတော့ သူမက ခုတော့အချစ်ကြောင့်အရေထူတဲ့ကောင်မလေးဖြစ်နေပြီလေ။
အတွေးမများတတ်တဲ့သူမို့ထိုစကားအပေါ် "အင်းပါ ကိုရဲ့"ဆိုတဲ့စကားနဲ့ကျေနပ်အောင်ဖြေပေးလိုက်တယ်။တဖြည်းဖြည်းတော့ပြောင်းလဲသွားဖို့ပြုပြင်ပေးရမယ်သာတွေးပြီး အခန်းထဲလှည့်ပတ်ကြည့်နေလိုက်တယ်။

"ဒါကို့ အခန်းရောဟုတ်ရဲ့လား"

ကုတင်ပေါ်ဖုန်းသုံးနေတဲ့ကိုက မျက်မှောင်ကြီးကြုတ်ရင်းလှမ်းကြည့်တာမို့ပါးစပ်လေးအမြန်ပိတ်လိုက်ရတယ်။

မေးဆို ကို့အခန်းထဲ ကို့နဲ့ကို့ရဲ့ အကိုပုံတွေသာဓာတ်ပုံဘောင်သေးသေးငယ်လေးထဲထည့်သွင်းချိတ်ဆွဲထားတာ က အဝတ်ဗီရိုပေါ်တွေကအစမကျန်မို့မေးလိုက်ခြင်းသာဖြစ်တယ်။

" ကိုက အကိုsehunကိုတော်တော်ချစ်တာပဲလား"

" ချစ်တာထက်ပိုတယ်"

နှုတ်ခမ်းတဖက်ကိုရွဲ့ရင်းဖြေဆိုလာတဲ့ကိုက တကယ့်ကိုချစ်စရာအတုံးအခဲလေး...
သူမထက်အသက်ကြီးပေမဲ့တခါတရံအငယ်လို့ထင်ရအောင်ဆိုးဆိုးသွမ်းသွမ်းကောင်ငယ်လေးလိုပဲ။
အဖေနဲ့မနေရသူမို့အကိုဖြစ်သူကိုတွယ်တာနေတာပဲလို့သူမကခပ်ရိုးရိုးလေးတွေးမိတယ်။

ရုပ်ချင်းမဆင်ကြပေမဲ့ ကို့ရဲ့အကိုပုံစံကတကယ့်ကိုနှစ်လိုဖွယ်လေးမို့ သူမကတော့မြင်မြင်ချင်းခင်မင်မိပါတယ်။

"Dear Chanyeollie"Where stories live. Discover now