Chapter-10. (Unicode)

Start from the beginning
                                    

ငါဘက်ကချစ်နေတယ်ဆိုရင်တောင် jayဘက်ကိုငါပြန်ငဲ့ကြည့်ရမယ်။ သူဟာယောကျ်ားလေးတစ်ယောက် တစ်ချိန်ကျရင် အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာမယ့်သူ။ လူသိများလာတာနဲ့အမျှ jayဟာ
ဒီလိုမျိုးဖြစ်နေပါတယ် ယောကျ်ားချင်းကြိုက်နေပါတယ်ဆိုပြီး လူအများက နှာခေါင်းရှုံ့ကာ ဝိုင်းလက်ညိုးထိုးမှာကို ငါမလိုလားဘူး။

နင့်ဘက်ကအဲ့လောက်ထိမတွေးသေးနဲ့အုံး။ အခုလက်ရှိက Kaiပဲ။ jayဟာ အရာရာဖြူစင်တဲ့ကောင်လေးတစ်ယောက် Kaiကရည်းစားအရှုပ်တဲ့သူတစ်ယောက် jayကိုငါနာမည်အပျက်မခံနိုင်ဘူးအသွေး။

ငါjayကိုချစ်တယ် တဖြည်းဖြည်းနဲ့ငါသူ့ကိုပိုပိုပြီးချစ်လာခဲ့တာ။ ငါ့မသိလိုက်ခင်မှာ ငါ့ရင်ခုန်သံကို သတိမထားမိလိုက်တဲ့အချိန်မှာ ငါသူ့ကိုချစ်မိသွားတာ။ လူတစ်ချို့ကတော့ပြောကြလိမ့်မယ် အချစ်ဆိုတာရယူပိုင်ဆိုင်ခြင်းမဟုတ်ပဲ ပေးဆပ်ခြင်းတဲ့ ။ ဒီစကားဟာ အလိမ်အညာတစ်ခုပဲ နဒီ။ ပိုင်ဆိုင်ခြင်းမရှိပဲ အချစ်ရှိမလာဘူးလို့ငါထင်တယ်။ ငါ့အတွက်ကတော့ အချစ်ဆိုတာ ပေးဆပ်ခြင်းမဟုတ်ပဲ ရယူပိုင်ဆိုင်ခြင်းပဲ။

"ဒါဆိုနင်က jayအချစ်ကိုရအောင်ယူမယ်လို့ဆိုလိုခြင်းလား။"

"နင်မှားနေပြီနဒီ ငါအချစ်တွေကို သူမသိအောင်မျိုသိပ်ထားမှာ။ "

ဘာလို့လဲ နင်လုပ်ရပ်တွေကိုငါနားမလည်တော့ဘူးအသွေး။ တကယ်ဆို နင်တို့နှစ်ယောက်ကနီးစပ်နိုင်တယ်။ jayဘက်ကကော နင့်အပေါ်စိတ်ဝင်စားမှု့မရှိဘူးလို့ နင်အတပ်ပြောရဲလား။

ငါ ငါမပြောရဲဘူးနဒီ။ ငါတို့ဖြစ်တည်မှု့တွေကို နင်အသိဆုံးမဟုတ်လားနဒီ။ ငါတို့နှစ်ယောက်လုံးဟာ ယောကျ်ားလေးတွေမဟုတ်လား။ jayမိဘအသိုင်းအဝိုင်း၊ ငါမိဘအသိုင်းအဝိုင်းကိုငါပြန်ကြည့်ရမယ်။ ငါ့မိဘကလက်ခံတယ်ထား၊ jayဖက်ကို ထည့်မစဥ်းစားလို့မရဘူး နဒီ။

ဒီလိုနဲ့jayဟာ မတော်တဆKaiနဲ့ချစ်သူတွေဖြစ်သွားခဲ့မယ်ဆိုရင် ၊ ဒါမှမဟုတ် နင့်လိုပဲ jayက နင့်ကိုချစ်နေပါတယ်ဆိုရင်ကော နင်ရှောင်ထွက်ပြီး၊ jayကိုဥပေက္ခာပြုနိုင်လား။ နင်ကိုယ်နင် သေချာအောင်ပြန်စမ်းစစ်ကြည့်လိုက်ပါ။ ငါ့ဘက်ကပြောနိုင်တာ ဒါအကုန်ပဲမလို့ ငါ့တို့ပြန်ကြရအောင်အသွေး။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now