🍀

2.1K 238 48
                                        

<Unicode>

လှပတဲ့ဆံနွယ်ရှည်လေးတွေက လေအဝှေ့မှာ လှပစွာ ယိမ်းနွဲ့လို့ ၊ လက်ဖြူဖြူသွယ်သွယ်လေးတွေနဲ့ ဆံနွယ်တွေကို သိမ်းယူလိုက်တဲ့ခဏမှာ သူ့နှလုံးသားလေး လှိုက်မောသွားရတယ်။ နှင်းဆီရောင်သန်းနေတဲ့ပါးပြင်လေးတွေနဲ့ ကောင်မလေးက ရှက်နေပုံပါပဲ။ ခေါင်းလေးကိုငုံ့လို့ ရှက်ပြုံးလေးနဲ့ တိုးတိုးလေးဆိုလာတယ်။ 'ချစ်တယ်'တဲ့။ သူပျော်လွန်းလို့ ရှက်နေတဲ့ ကောင်မလေးကို ဆွဲဖက်လိုက်တဲ့ခဏ........

"ဝမ်ငယ်!!.....ပြီးပြီ"

လှုပ်နှိုးခံလိုက်ရတဲ့ ရိပေါ်က သူ့ရဲ့စိတ်ကူးယဉ်အိမ်မက်ကနေ မကျေမနပ်နှိုးထလာရတယ်။ ဘယ်လိုများ အိပ်ပျော်သွားတာလဲလို့စဉ်းစားမိတော့မှ တစ်စုံတစ်ရာကိုသတိရသွားတယ်။ အလောတကြီးနဲ့ ပါးစပ်က သွားရည်တွေကိုသုတ်လို့ ရိပေါ်က မှန်ရှေ့ကို အပြေးသွားတယ်။

"အား!!!!.........ရှောင်းကျန့်!!!!!"

အစိမ်းနုရောင် နှစ်ထပ်အိမ်လေးရဲ့ အခန်းတစ်ခန်းအတွင်းက ရိပေါ်ရဲ့ အသံနက်ကြီးက တစ်ရပ်ကွက်လုံးကို လွှမ်းခြုံသွားတယ်။ ဘေးအိမ်က ရှောင်းမားကတော့ ခေါင်းကိုအသာခါရမ်းလို့ ပြုံးနေတယ်။ ဖြတ်သွားဖြတ်လာ လမ်းထိပ်က ဦးလေးကျန်းကလည်း ခေါင်းတစ်ခါခါနဲ့ ။ အိမ်အောက်ထပ်က ဝမ်မားကတော့ အော်ပြောလာတယ်။ "မင်တို့ အချစ်မစမ်းကြစမ်းနဲ့"တဲ့။

"ကျန့်ကော!!!!"

မျက်နှာတစ်ခုလုံးနီရဲပြီး ဒေါသအခိုးငွေ့တွေပလူပျံနေတဲ့ ရိပေါ်လေးက ရှောင်းကျန့်ရဲ့လက်ရာ ကတုံးထိပ်တိလေးနဲ့ လုံးဝကိုပြီးပြည့်စုံနေတယ်။ ဒါကို ဒီဝမ်စိတ်တိုလေးက ဘာကို အလိုမကျ ဖြစ်နေပါလိမ့်။ ရှောင်းကျန့်အမြင်မှာတော့ အရမ်းအရမ်းကိုချစ်ဖို့ကောင်းလွန်းနေတယ်။

"ဘာလို့လဲ..... ဝမ်ငယ်.....ကောညှပ်ပေးထားတဲ့ဆံပင်ကေကို မကြိုက်ဘူးလား"

ခပ်တည်တည်နဲ့မေးနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ပိုစိတ်တိုလာရတယ်။ ဒါ သူ့ကိုတမင်သက်သက်လုပ်တာ။ သူ့အမှားပါလေ....။ ကျန့်ကောက သူလိုချင်တာဆို မရရတဲ့နည်းနဲ့ယူတတ်တဲ့လူမျိုး။ ဂိမ်းပြိုင်ဆော့ရအောင်။ နိုင်တဲ့သူက ရှုံးတဲ့သူကို ကြိုက်တာလုပ်ခွင့်ပေးရမယ်လို့ စိန်ခေါ်လာတည်းက သူသိခဲ့သင့်တာ။ 'သူ့ကိုနိုင်ရင် skateboard အသစ်ကြီးရမယ်'ဆိုတဲ့ မက်လုံးကြီးမှာ ဝမ်ရိပေါ်တို့ မျောသွားတာများ ခုခေါင်းကအမွေးတွေ ပြောင်ကုန်ပြီ။ သွားပါပြီ။ Handsome ဖြစ်လွန်းတဲ့သူ့ရဲ့ ချောမောမှုတွေ မှေးမှိန်ကုန်ပါပြီ။

My dear,little wangStories to obsess over. Discover now